အခန်း(၁၈)သုံးဖက်မြင်

Start from the beginning
                                    

ကျူ းယောင် တစ်ကိုယ်လုံး တုန်သွားတယ်။
သူမက ဘယ်လိုလုပ် ဒီကိစ္စကိုကိုင်တွယ် နိုင်ရမှာလဲ!သူတို့က ပိုသိရမှာကို!ဒီလို ဘောလီဘော ပုတ်လို့ ရကြေးလား!!

''ဟိုးဟိုး.. ဆရာ က နေ့လည်စာ စားဖို့ ခေါ်နေပြီ''

သူမပြေးဖို့ ကြံနေတုန်းပဲ နောက်က တံခါးက ဘတ်ခနဲ ပိတ်သွားပြီ။ချက်ချင်းပဲ ဂိုဏ်းသခင် ဇီမိုဘက် အကြည့်စူးစူးတွေ ပစ်လိုက်တယ်။မြေခွေးအို အစုတ်ပလုတ်ကြီး!!ဒီကိစ္စက တစ်ဖက်ကို မကျေမနပ်ဖြစ်စေမယ်ဆိုတာ သိရဲ့ ငါ့ဘက်ကို ဘောလီဘော ပုတ်ရဲတယ်!!

ဂိုဏ်းသခင် ဇီမိုကတော့ သူမကို ပိုတောင် ဖော်ရွေတဲ့ အကြည့်တွေ နဲ့ ကြည့်နေသေးတယ်။သူ့ကြည့်ရတာ သူ့ ဆရာရဲ့ ဒေါ်လေးငယ်စကားတွေကို ညွှန်ပြမှုကို အရမ်းကြားချင်တဲ့ပုံနဲ့။

ကျူ းယောင်လည်း ခုမှတော့ မတတ်နိုင်ဘူး ဆက်သွားရတော့မှာပဲဆိုပြီး ရှောင်ရီရှေ့မှာ ထိုင်ချလိုက်တယ်။သွေးတွေတစ်ကိုယ်လုံးက တစိမ့်စိမ့်ထွက်နေပြီး တုန်နေတဲ့ ရှောင်ရီကို ကြည့်ပြီး သူမ မျက်မှောင်ကြုတ်သွားတယ်။

''ရှင့်တို့ သူ့ကို အခုလှွတ်လိုက်''

ဘယ်လိုပဲပြောပြော သူက ကလေးပဲရှိသေးတာ။

ကျူ းယွမ်ရှဲ့ က သိပ် မကျေနပ်ပေမဲ့ လက်ဝေ့ယမ်းရင်း ချည်ထားတဲ့ ကြိုးတွေကိုပြေသွားစေတယ်။

ရှောင်ရီက အသက်ကို ဖြည်းဖြည်းရှူရင်း ကြမ်းပြင်ပေါ်မှာ ထိုင်နေတုန်းပဲ။ဘေးကလူတွေ အားလုံးကိုသတိကြီးကြီး ထားပြီး ကြည့်နေတယ်။

ဒီကောင်လေးနဲ့ ဖက်တီးလေးကြားက ရန်ပွဲကို သူမ ကျောက်စိမ်းပြား လက်ခံပွဲတုန်းကတည်းကနည်းနည်း အခြေနေသိပြီးသား။ကလေးနှစ်ယောက် ရန်ဖြစ်တာကနေ ခုတော့ လူ့ အသက်တစ်ချောင်းဆုံးရှုံ့းရတဲ့ အထိဖြစ်လာရတယ်။ကျင့်ကြံခြင်း(တာအို)က ဒီကိစ္စရဲ့ အရင်းမြစ်လား!စကားပုံ တစ်ခုရှိတယ်။အာဏာပိုရှိလေ ပိုတာဝန်ယူရလေ။ဒီလောကမှာကျတော့ အားပိုကြီးလေလေ လူတစ်ယောက်က ပိုပြီး ဒေါသကြီးလေလေဖြစ်နေတယ်။အားလုံးက ကိုယ်မကျေနပ်တာနဲ့ တိုက်ကြခိုက်ကြဖို့ ဝန်မလေးဘူးရယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now