[Zawgyi]
" အဲ့အတွက်ဆိုရင်တော့ Chanyeolရယ်... Appaဘက်က... ... ... "
မျှော်လင့်ကြီးစွာမော့ကြည့်လိုက်မိခိုက်...ခပ်ပါးပါးပြုံးနေသောappaအပြုံးတစ်ပွင့်ကို စိတ်ကျေနပ်စရာကောင်းစွာမြင်တွေ့လိုက်ရသည်။
" Appaဘက်က ဝမ်းသာတာပေါ့...
မဟုတ်တောင် သားအပေါ်ကျူးလွန်ထားတဲ့အပြစ်တစ်ခုကို ဘယ်လိုပြန်ဆပ်ရမလဲစဉ်းစားနေတာ...၊
ကျေးဇူးတင်ပါတယ်ကွာ appaကို အခွင့်အရေးကောင်းတစ်ခုပေးတဲ့အတွက်... "ပျော်ရွှင်စွာပင် appaကိုပြေးဖက်လိုက်မိသည်။ သူ့ပွေ့ဖက်မှုအောက်တွင် Appaက ရယ်သံတစ်ချို့ထွက်ကျလာသည်အထိရယ်လာရင်း...ကျောပြင်ကို လက်တစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်းပုတ်၏...။အောင့်သက်ပေမယ့် ငြိမ်နေမိပါသည်။နဂိုတည်းက...အဖေတစ်ယောက်နှင့် သားတစ်ယောက်၏ချစ်ခြင်းသည် ပန်းတစ်ပွင့်ကဲ့သို့ နူးညံ့သည့်ပုံစံမျိုးမှမဟုတ်ခဲ့တာပဲ... ... ...။
" မပြန်ခင်တော့ တစ်ပွဲလောက်ကစားပေးသွားဦးကွာ...
တစ်ယောက်တည်းကစားရတာ အရသာမရှိလိုက်တာ "" Appaဆိုပြီးတော့ အလျှော့ပေးမှာမဟုတ်ဘူးနော်"
အင်္ကျီကို ဆွဲဖြန့်လိုက်ရင်း ထိုင်ခုံမှာပြန်ထိုင်လိုက်ကာ ခပ်ဝံ့ဝံ့ဆိုမိတော့...Appaက ခေါင်းတဆတ်ဆတ်
ညိတ်လာခဲ့၏…။" အဲ့လိုစကားအမြဲပြော...
ပြီးမှ စစ်တုရင်အရုပ်တွေကိုလွှင့်ပစ်တတ်တာဘယ်သူပါလိမ့်... "" Appa!!! "
စိတ်လိုလက်ရဖြစ်စွာ ဟိန်းခနဲထွက်လာသောအသံကျယ်အဆုံးတွင်...သူရော Appaပါ နှစ်ယောက်စလုံး ပြိုင်တူရယ်လိုက်မိကြသည်။လွန်ခဲ့သောနှစ်များစွာကလည်း Appa၏ စစ်တုရင်ကစားဖော်ကစားဖက်သည် Chanyeolဆိုသော သူပင် ဖြစ်ခဲ့သည်မဟုတ်ပါလား...။ထို့အတူ... စကားကြီးစကားကျယ်တွေပြောပြီး အဆုံးသတ်တွင် ရှုံးမြဲရှုံးခဲ့သောသူသည်လည်း...Chanyeol ဆိုသော သူပင်ဖြစ်နေခဲ့လေသည်။