အခန်း (၁၆) ​တောက်​​တောက်​ပပ

12.7K 1.8K 32
                                    

အခန်း (၁၆) ​တောက်​​တောက်​ပပ

ချန်​အန်းအမြင်​မှာ​တော့ ​ပေါက်​စန​လေး​တွေနဲ့ထိပ်​တိုက်​​တွေ့ရတာသူ့လက်​ညစ်​ပတ်​ရုံပဲအဖတ်​တင်​မယ်​'ချန်​အန်း' ဘယ်​လိုကလိမ်​ကျခံရလည်းဆိုတဲ့ဇစ်​မြစ်​က​တော့ သူ့ကိုယ်​သူယုံကြည်​ချက်​မရှိပဲဥာဏ်​နည်းတဲ့အတွက်​​ကြောင့်​ပဲ။ ချန်​အန်းကနဂိုရိုးသားတဲ့လူတစ်​​ယောက်​ဆို​ပေမယ့်​ သူ့ရဲ့ လိင်​စိတ်​ခံယူမှုကို​တော့ငယ်​ငယ်​ကတည်းကလျှိုဝှက်​ထားခဲ့တယ်​။ သူအမြဲသူ့လိုအပ်​ချက်​​တွေကိုချူပ်​တည်းထားခဲ့တယ်​။
အ​ကြောင်းကလူပျို​ပေါက်​အရွယ်​တုန်းက  အချစ်​ဦးဆီက ပက်​ပက်​စက်​စက်​အငြင်းခံရပြီး နှာဗူးလို့ကဲ့ရဲ့တာခံခဲ့ရတဲ့အတွက်​​ကြောင်းလည်းပါတယ်​။ အဲ့ဒီအချက်​​တွေအားလုံး​ပေါင်းလိုက်​​တော့ ချန်​အန်းက ယုံကြည်​ချက်​မရှိတဲ့လူဖြစ်​လာတယ်​။
ထက်​မြတ်​ပြီးချစ်​စရာ​ကောင်းတဲ့ လျူ​ရှောင်​ကျဲ့ နဲ့​တွေ့​တော့ ချန်​အန်းလုံးဝအချစ်​နွံထဲနစ်​ပြီးစုံလုံးကန်းသွားတယ်​။ သူ့အ​နေနဲ့ရဖို့ခက်​တဲ့ ဆက်​ဆံ​ရေးကိုထိန်းသိမ်းဖို့ ရှိသမျှစည်းစမ်​​တွေအကုန်​လျူ​ရှောင်​ကျဲ့လက်​ထဲအပ်​ပြီးမိုက်​မဲခဲ့တာ။ ​နောက်​​တော့သူ့ရည်းစားကသူ့ပိုက်​ဆံ​တွေအားလုံးယူပြီး​ပျောက်​သွား​တော့တာပဲ။

အခုလိုသစ္စာ​ဖောက်​ခံရမှုနဲ့အတူ ဆယ်​စုနှစ်​အကြာစု​ဆောင်းခဲ့ရတဲ့စည်းစိမ်​အကုန်​ပြုတ်​သွား​တော့ သာမန်​လူတစ်​​ယောက်​အ​နေနဲ့ဘယ်​လိုနလန်​ပြန်​မထူနိုင်​ဘူး​ပေါ့။
သူကအခု ချန်​အန်းရဲ့နံမည်​နဲ့တည်​ရှိမှုကိုအမှီပြု​နေရပြီဆို​တော့ ချန်​အန်းရဲ့အတိတ်​အတွက်​လက်​စား​ချေ​ပေးဖို့ကအပန်းမကြီးပါဘူး။ ဒါ​ပေမယ့်​ ဒီမတိုင်​ခင်​ပထမကိစ္စတစ်​ခုကိုအရင်​အပြီးသတ်​ရမယ်​။ နိုင်​ငံခြားကပြန်​လာတဲ့အခါ ဝမ်​​ဟောင်​နဲ့လျူ​ရှောင်​ကျဲ့တို့တူညီတဲ့ ဒုက္ခကိုခံစား​စေရမယ်​။

"ဗီယမ်​နမ်​ ကိုသွားမလို့??''

ချန်​ယန်းကချန်​အန်းအတွက်​ပဲနို့တစ်​ခွက်​ကိုထည့်​​ပေးရင်းအလန့်​တကြား​မေး၏။ ချန်​အန်းရုတ်​တရပ်​​ပြောတာ​ကြောင့်​ သူ့လက်​ထဲကပဲနို့ဗူး​တောင်​​လျှော်​ထွက်​သွား​တော့မလို့။

Rebirth of Chen An【Zaw + uni】Where stories live. Discover now