Chapter 3:Coma and Friend

34 1 0
                                    

Unicode

အတော်ကြာတဲ့အထိ Hyungwon ပါးစပ်က ဘာမှ ထွက်မလာဘဲ သူ့ရှေ့က လူကို စိုက်ကြည့်နေမိသည်။

"Kihyun? "

ထိုသူက Hyungwon ရှိရာသို့လျှောက်လာသည်။ "ဒီမှာ ဘာလုပ်နေတာလဲ? မင်း သူ့ကို သိတာလား"

သူ တစ်ခုခုပြောရမယ်ဆိုတာ သိပေမယ့် Hyungwon ပါးစပ်က ဘာမှ ထွက်မလာ။သူ့အရှေ့မှာ ရပ်နေတဲ့သူက သူသဘောမကျလှတဲ့ ကံကြမ္မာတစ်ခုကို သတိရစေသည်။နောက်ဆုံးတော့ Hyungwon ကြိုးစားပြီး ပါးစပ်ကို ဖွင့်လိုက်သည်။

"အင်း ကျွန်တော် သူ့ကို သိတယ်"

"Hyung နဲ့လဲ သိတာလား" Changkyun က သူရှေ့မှာ ရပ်နေတဲ့ သူကို သိသလားလို့ မေးလိုက်မှန်း သူနားလည်လိုက်သည်။ Hyungwon သူ့ကို မသိဘူး ဒါပေမယ့် ကြည့်ရတာ Kihyun နဲ့ သိတဲ့ ပုံပဲ။

"အင်း...ကျွန်တော် Hyungwon နဲ့ ခဏလောက် နှစ်ယောက်တည်း နေလို့ရမလား...ခဏလေးပဲ.."

Changkyun က သူတို့နှစ်ယောက်တည်း ထားခဲ့ရမှာကို မသေချာသလို ပုံပေါ်ပေမယ့် ခေါင်းငြိမ့်ပြီး အခန်းထဲက ထွက်သွားသည်။ဆံပင်အညိုရောင်လူကလည်း Hyungwon ရဲ့ ခန္ဓာကိုယ်ကို နောက်ဆုံးတစ်ချက်ကြည့်ပြီး Changkyun နောက်မှ လိုက်ထွက်သွားသည်။

အခန်းထဲမှာ သူ့ခန္ဓာကိုယ်နဲ့သူပဲ ရှိတော့တဲ့ အချိန်မှာ သူ့ဒူးတွေ တုန်လာသည်။သူ့ခန္ဓာကိုယ်ကို ကြည့်ဖို့အတွက် သူ့မှာ အားမရှိသလို...တကယ်လည်း ကုတင်ပေါ်မှာ လဲလျောင်းနေသည့် သူ့ခန္ဓာကို်ယ်ကို ကြည့်မိတော့ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားရသည်။ဘာမှမရှိသလို ခံစားချက်မျိုး...ငါက ကြည့်လို့တော့ကောင်းသားပဲ...သူ့အတွေးတွေကလည်း ထူးဆန်းသည်ဟု သူကိုယ်တိုင်ပြန်စဉ်းစားမိသည်။

"အဆင်ပြေရဲ့လား"

"မင်း ရောက်လာပြီလား..ခုနက ပျောက်သွားတာ မြန်လိုက်တာ"

Hyungwon က လှည့်မကြည့်ဘဲ သူ့ခန္ဓာကိုယ်ကိုဘဲ ဆက်ကြည့်နေသည်။Minhyuk က သူ့နောက်ကနေ ကုတင်ဘေးကို ရောက်လာသည်။

"မင်း သူငယ်ချင်းကို ငါ့ကို မမြင်စေချင်လို့...ဒါနဲ့ အဲ့ဒါ Changkyun လား..ချစ်စရာလေးပဲ"

You've reached the end of published parts.

⏰ Last updated: Sep 23, 2023 ⏰

Add this story to your Library to get notified about new parts!

Mint and PoppyWhere stories live. Discover now