မထင်မှတ်ထားသည့် အရာ များ ဖြစ်လေ့ ဖြစ်ထ ရှိသည့် လောက ကြီးကို သူတို့ မေ့လျော့နေခဲ့ လေသည်။

___________________

  " Yeollie, Yoo Jae Hwa က Kyung Soo ကို ဘာလို့ ဒီလို ဆက်ဆံနေတာ လဲ  "

      Kyung Soo ကို ပို့ပြီး အိမ် အပြန်လမ်းမှာ Baekhyun က မေးလာတော့ Chanyeol သက်ပြင်းချမိသည်။

Kyung Soo ကတော့ နေ့လည် တုန်းက အဖြစ် အပျက် ပြီးသည့်နောက် စိတ်နဲ့ လူနဲ့ မကပ် တာကြောင့် သူတို့ ကပဲ အိမ်အထိ လိုက်ပို့ လိုက်ရသည်။

    " ဒီလို Baekhyunnie ရဲ့ ကိုယ်ရယ် Kyung Soo ရယ် Jae Hwa ရယ် Yoo Jae Hee ဆိုတဲ့ ကောင်မလေး ရယ်က Shinsong အထက်တန်းကျောင်းမှာ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။

Jae Hwa နဲ့ Jae Hee နဲ့က အမြွှာတွေလေ။ ကိုယ်တို့ အထက်တန်း ရောက်တဲ့ အချိန်မှာ Jae Hee က Kyung Soo အပေါ်ကို သိသိသာသာ ပြောင်းလဲလာခဲ့တယ် အဲ့ဒါကို Kyung Soo ရော ကိုယ်ရော Jae Hwa ရော သိကြတယ်။

Jae Hee က တခြား မိန်းကလေးတွေ နဲ့ မတူဘူး Kyung Soo နားကို ကပ်တဲ့ မိန်းကလေးတွေ အကုန်လုံး တစ်ခုမဟုတ် တစ်ခု ဒုက္ခရောက်တယ်။

ဖြစ်ချင်တော့ တစ်နေ့မှာ Jae Hee က Kyung Soo ကို စိတ်ဝင်စားနေတဲ့ မိန်းကလေးကို နှိပ်စက်နေတာကို Kyung Soo တွေ့သွားတော့ အဲ့မိန်းကလေးကို Kyung Soo က ကာကွယ်ပေးခဲ့တယ်။

Jae Hee က Kyung Soo ကို ငိုပြီး တောင်းပန်တယ် သူ့ခံစားချက်တွေကို ဖွင့်ပြောတယ်။ ဒါပေမယ့် Kyung Soo က အဲ့အချိန်မှာ သွေးပူနေတဲ့ အတွက် ပြင်းပြင်း ထန်ထန် တုံ့ပြန် ခဲ့တာ။ Kyung Soo မှ ပြန်မချစ်ရင် သူသေပစ်မှာတဲ့။  Kyung Soo လည်း စိတ်ထဲက မပါပေမယ့် ဒေါသကြောင့် သေလိုက်လို့ ပြောခဲ့တယ် ဒါပေမယ့်......."

   " ဒါပေမယ့် ဘာဖြစ်လဲ Chanyeollie.....ဟင်"

       ပြောနေရင်း ရပ်လိုက်တဲ့ Chanyeol ကြောင့် Baekhyun က သိလိုစိတ် ပြင်းပြ ကာ မေးသည်။

    " နောက်နေ့မှာပဲ ကိုယ်တို့ ဆီ သတင်းဆိုး တစ်ခု ရောက်လာခဲ့တယ် "

  " သတင်းဆိုး? ဟုတ်လား ?"

  " အင်း Jae Hee က သူ့ကိုယ်သူ Suicide လုပ်သွားခဲ့တယ် တကယ်ကို ထင်မထားခဲ့ဘူး.. သူကို တွေ့တဲ့ အချိန်က နောက်ကျလွန်းလို့ အသက်ဆုံးရှုံးလိုက်ရတယ် သူတို့ အိမ်ကို လိုက်သွားတော့ Jae Hwa က Kyung Soo ကို ရန်ရှာတော့တာပဲ။ Kyung Soo ကြောင့် ဒီလို ဖြစ်တာတဲ့ အကြောင်းအရင်းကို မေးတော့ Jae Hee က နောက်ဆုံး စာတစ်စောင် ရေးခဲ့တယ်တဲ့ အဲ့စာထဲမှာ သူ Kyung Soo ကို ဘယ်လောက်ချစ်ကြောင်း
Kyung Soo ကို ပျော်အောင်နေဖို့လည်း မှာခဲ့တယ် "

He is My Adorable Boyfriend [ Completed] ( Unicode + Zawgyi )Where stories live. Discover now