အိပ်​ရာ​ပေါ်မှသူက​တော့ နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်​​ပျော်​​နေသည်​မို့ နိုးမ​နေ​တော့။
နေမ​ကောင်းထားသည်​မို့ အားပျက်​​နေသည်​မှာလည်း အ​သေအချာ။
မနက်​နိုးလို့ ​သောက်​ရမယ့်​​ဆေးများကိုလည်း စားပွဲ​ပေါ် အကျအနပြင်​ခဲ့​ပေးလိုက်​သည်​။
မနက်​စာဖို့ ​အောက်​မှာ ဆန်​ပြုတ်​လုပ်​ခဲ့​ပေးပြီး
ပြန်​တက်​လာ​တော့ သူ​တောင်​ နိုး​နေပြီပဲ။
ခုတင်​​စောင်းကို ​ကျောမှီကာ ထိုင်​​နေ​သော သူက ကျွန်​​တော့်​အား ပြုံးပြ​နေသည်​။

"နိုး​နေပြီလား"

"အင်း"

"စားပြီးရင်​ ​ဆေး​သောက်​လိုက်​​နော်​ ငါအပြင်​ခန သွားစရာရှိလို့"

ခေါင်းကိုအသာညိတ်​ပြကာ ထသွားတာ​ကြောင့်​ သူ့ကို နှုတ်​ဆက်​မ​နေ​တော့ဘဲ ထွက်​လာခဲ့​တော့သည်​။ ​ခြေလှမ်းတိုင်းမှာ ခဲဆွဲထားသလို ​လေးလံ​နေခဲ့သည်​။
နောက်​​ကြောင်းပြန်​လှည့်​လိုက်​ရမလား။
မလိုအပ်​ပါဘူး​လေ။ သူမနဲ့ ခနတာ စကား​ပြောပြီးရင်​ ပြီးပြီကို ဘယ်​အရာက ကျွန်​​တော့်​အား တွန့်​ဆုတ်​​စေမှန်း မသိပါ။

သူမနှင့်​ချိန်းဆိုထား​သော ​နေရာသို့ ​ရောက်​​တော့ ​ထောင့်​ကျကျတစ်​​နေမှာ သူမ​ထိုင်​​နေခဲ့သည်​။
သူမနှင့်​ ​ရှေ့တည့်​တည့်​ခုံမှာ ၀င်​ထိုင်​လိုက်​သည်​။
အရင်​ကလို မ​ပြောင်းလဲတဲ့ အပြုံးများနှင့်​ သူမ ပြုံးပြ​နေပြန်​သည်​။ ဒီအပြုံး​တွေကို မြင်​​နေလျက်​နဲ့
ကျွန်​​တော်​ ရင်​မခုန်​မိ​တော့ပါလား။ သူမအ​ပေါ် ​သွေး​အေးသွားခဲ့တာများလား။

"မ​တွေ့ဖြစ်​တာကြာပြီ​နော်​"

"အင်း"

သူမ ထပ်​ပြုံးပြန်​သည်​။ ​အော်​....ရင်​ခုန်​စမ်းပါလား။

"TaeHyungတို့ စကား​တောင်​ မ​ပြောတတ်​​တော့ဘူးပဲ"

"အာ...အဲ့လိုမဟုတ်​ပါဘူး"

"​နောက်​တာပါ...တကယ်​​တော့ ​ပြောစရာ ရှိလို့ ​ခေါ်တာပါ"

တကယ်​လည်း ကျွန်​​တော်​ စကားမ​ပြောတတ်​​တော့ဘူး။ ဘာ​ပြောရမှန်းကို မသိ​တော့တာ။ အရင်​ကလို့ တီတီတာတာ စကားဆိုရမယ့်​ အ​ခြေအ​နေမျိုးလည်း မဟုတ်​​တော့။

Comes To You Nơi câu chuyện tồn tại. Hãy khám phá bây giờ