Just believe in me Part-2

23.9K 1K 13
                                    

#2Moons #season2
Just Believe in me part-2
#Wayo Pov

Jaeက ကျွန်တော့်ကို "ကပိုကရို Yo! ဒါနဲ့ နင်လူပျိုရည်ပျက်သွားပြီလား? နင်နောက်ထပ်Fanတွေ ထပ်တိုးလာတာကိုအရင်စောင့်သင့်တယ်"ဆိုပြီးဆရာကြီး ပုံစံနဲ့လာသင်ပေးနေတယ်
လူပျိုရည်ပျက်တယ် ဟုတ်လား? အခုထိတော့ ဒီစကားက သူ့အတွက်ရယ်စရာဖြစ်နေတုန်းပါဘဲ
"ဘာတွေလာပြောနေတာလဲ? Fanclubလူများလာမှာနဲ့ လူပျိုရည်ပျက်တာနဲ့ဘာဆိုင်လဲ"
Myna-စောင့်ကြည့်နေလိုက်ပါ မကြာခင်ငါတို့Yoလေးနား ကိုဝိုင်းဖွဲ့လာကြလိမ့်မယ်
Montri-ဟုတ်တယ် Yoလေးရဲ့ တကယ်လို့အဲလိုဝန်းရံလာ
ကြရင် Yo လေး မလိုချင်တဲ့သူငယ်လေးတွေကို ဒို့တွေကို စွန့်ကြဲနိုင်တယ်နော်
ဆိုပြီးမျှော်လင့်တကြီး ပြုံးဖီးဖီးနဲ့စကားခေါ်နေတယ်
Wayo-နေပါဦး အကယ်၍Fanတွေက မိန်းကလေးတွေဆို ရင်ရော
Montri- ဒါဆိုelephant angelကိုပေးလိုက်ပေါ့
Elephant Angel-ဘာရယ် Montriနင်ကမကောင်းတဲ့ မိန်းမပဲ ဘာလို့ငါ့ကိုအစစ်မတွေလာတွန်းပို့နေရတာလဲ

ဒါနဲ့ပဲသူတို့နှစ်ယောက်အပြန်အလှန်စကားများ ရန်ဖြစ်နေ ကြတယ် ။ပြီးတော့မှ
" နေပါဦး Yo! Ming ရဲ့ ကားကအဖြူရောင် Audi ပဲလား"

သူတို့ထင်ကြေးတွေ မေးခွန်းတွေကိုဂရုမစိုက်တော့ဘဲ တခြားသူငယ်ချင်းတွေထိုင်နေတဲ့စားပွဲဆီသွားပြီးဒီနေ့သင် မယ့်သင်ခန်းစာတွေအတွက် ပြင်ဆင်နေလိုက်တယ်။

ဒါပေမယ့် Angelအဖွဲ့ကလှမ်းပြောသံကြားလိုက်တယ်
" ဒါနဲ့ Yoက အရင် တကျောင်းလုံးရဲ့ Moonနဲ့ တွဲနေတာဆို။ တချို့ကတော့ အခုတကျောင်းလုံးရဲ့ Moon အသစ်နဲ့တွဲနေသလိုလိုပဲဆို...

ငါတို့တွေကMoonနဲ့Star စုံတွဲတွေဆို လိုက်ဖက်လွန်းလို့ အရမ်းအားပေးတာ။ Moonနဲ့ Star ဆိုတာ ရှေ့သွားနောက် လိုက်ညီတာပဲလေ။ဒါပေမယ့်လည်းငါတို့ဆီမှာ အခုလနှစ်စင်းက ကောင်းကင်တစ်ခုထဲ သာနေသလိုပေါ့။ Moonနဲ့Starမဟုတ်ဘဲ 2Moonsပေါ့နော့။

သူတို့ပြောသံကြားမိပြီး ကျွန်တော်ပြုံးမိပါတယ်။ လနှစ်စင်း ကောင်းကင်တစ်ခုဆိုတော့ ခြင်္သေ့နှစ်ကောင် တစ်ဂူထဲ အောင်းသလိုဖြစ်နေတာပေါ့။ ကျွန်တော်စဉ်းစားနေတုန်း

Montri- ဘယ်လိုတောင်ကံကောင်းနေရတာလဲ Cutie Yo လေးရယ် ဆိုပြီးကျွန်တော့်ပါးကိုလိမ်ဆွဲလိုက်တယ်
Wayo- နာတယ် ဆိုပြီးကျွန်တော်အော်တော့
Montri-အမလေး မနာလိုတွေဖြစ်နေတဲ့ Montriရင်နာတာလောက်မဆိုးသေးပါဘူး
ဆိုပြီးလာပွတ်သတ်နေတဲ့ Elephant Angelကို အလန့်တကြား လှမ်းတားလိုက်တယ်
Wayo- ကဲ တော်ကြတော့
Elephant Angel- ဟယ် ... သေးသေးလေးနဲ့ ကျစ်ကျစ်လေး ( ဆင်မ လက်သရမ်းနေတာ 😒😒😕😕)
ဆိုပြီးကျွန်တော့ကိုထပ်စနေသေးတယ်။

2Moons Season2 Where stories live. Discover now