Yen---7

20.8K 1.9K 74
                                    

[Zawgyi]

ကိုယ့်​အသိစိတ်​ကိုယ်​ ထိန်းချုပ်​မရနိုင်​​သေးသည်​မှာ ခြံ​ထဲကို ဝင်​လိုက်​သည့်​အချိန်​ကတည်းက...။ ​အော်​တိုအဖွင့်​အပိ​တ်​တံခါးက သူ့လက်​ထဲက ထိန်းချုပ်​ခလုတ်​​လေးထဲမှာ သူ့အလိုကျ အဖွင့်​အပိတ်​လုပ်​​ပေးလို့...။ သာမန်​တစ်​ထပ်​အိမ်​တစ်​လုံးစာနီးနီးမြင့်​မား​သော သံတိုင်​တံခါးကြီး၏အ​နောက်​တွင် ​မြွေတစ်​​ကောက်​​ခွေ​ကောက်​​နေသော သဏ္ဌာန်​နှင့်​အလားတူ​သော လမ်းတစ်​လမ်းရှိ​နေသည်​...။

ကား​တစ်​စီးစာအကျယ်​သာရှိ​သော ဒီလမ်း​ရဲ့ တစ်​ဖက်​တစ်​ချပ်​မှာက ညဘက်​မို့ ​သေချာမမြင်​ရ​သော်​လည်း မြက်​ခင်းပြင်​ကျယ်​ကြီးရှိ​နေသည်​ဆိုတာ ထွန်းထားသောမီးတိုင်တွေအကူအညီအရ သိ​နေသည်​...။

ခြံတံခါး​ပေါက်​နှင့်​ အိမ်​က အရမ်းကြီးမ​ဝေးလွန်းသည်​ကိုပင်​ ​ကျေးဇူးတင်​ရမည်​ထင်​...။

တိတ်​ဆိတ်​​နေ​သော အိမ်​ကြီး​ရှေ့ သူရပ်​လိုက်​ရင်း လက်​​ဗွေစစ်​​နေ​ခိုက်​...Baekhyun အ​တွေးထဲဝင်​လာသည်​က hyung ​ပြောဖူး​သော စကားတစ်​ချို့...အခုလက်​ရှိ Chanyeolက အ​ဖေကလဲ စွန့်​ပစ်​...အ​မေကလဲ လက်​မခံလို့ တစ်​​ယောက်​တည်း​နေ​နေရသည်​ဆို​သော အချက်​...။

အ​တွေးထဲက အချက်​တစ်​ခုအတွက်​ ရင်​ဘတ်​ထဲက ​ကျောပိုးအိတ်​ကို နံ​ဘေးကို​ပြောင်းဆွဲလိုက်​ရင်း...အိမ်​ကြီးထဲကို လှမ်းကြည့်​လိုက်​​တော့...ထင်​ထားသည့်​အတိုင်း အိမ်​ကြီးအတွင်းက ​မှောင်​မဲလို့။

" ဘယ်​သူမှ မရှိဘူး...
ငါတစ်​​ယောက်​တည်း​နေတာ... "

စပ်​စပ်​စုစု ​ခြေဖျား​ထောက်​ကာ မရမကကို အိမ်​အတွင်းကို လှမ်းကြည့်​​နေသည့်အတွက် Chanyeolက အရိပ်​အကဲသိစွာ ဆိုလာ​သည်​...။

" သိသားပဲ...တစ်​​ယောက်​တည်း​နေတာ... "

Chanyeol အံ့သြသွားဟန်​ဖြင့် ခန္ဓာကိုယ်​ကို ​နောက်​​ကိုယို့သည်​။ပွင့်​​နေပြီဖြစ်​​သော တံခါးက​နေပင်​ Baekhyun အိမ်​ထဲကို လှမ်းဝင်​လာလိုက်​သည်​...။

---Yen--- [Complete]Where stories live. Discover now