Extra

2.8K 200 5

""ဒါက ဘာသဘောလဲ ခင်များကြီး😡😡""

အလုပ်လုပ်နေသော ရုံးခန်းထဲသို့ ဒုန်းဆိုင်းဝင်ပြီး
ကျနော့်ရှေ့ဘုတ်ခနဲ ပြုတ်ကျလာသော သတင်းစာ

အပေါ်ကို မော့ကြည့်တော့ ဒေါသ အတောင့်လိုက်ထွက်နေသော ရုပ်နှင့် ကျနော့၏အသဲတုံး Dokyungsoo

""ခင်များကိုမေးနေတယ်လေ အဲဒါ ဘာသဘောလဲလို့""

သတင်းစာကိုကောက်ယူကြည့်လိုက်တော့ မနေ့က လုပ်တဲ့ လုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲ၌ ကျနော်နှင့် ကောင်မလေးတယောက်ပွဲတက်နေသည့်ပုံပင်

**နေဦး အခု ကလေးကျနော့်ကို J ဝင်နေတာလား**

ပြုံးစိစိဖြစ်လာနေသော မျက်နှာကို အရင်မျက်နှာပိုးသတ် မျက်နှာထားတင်းတင်းထားလိုက်ပြီး

":အဲ့တော့ ဘာဖစ်လဲ ကိုယ့်ဘာသာ ဘာလုပ်လုပ် ကလေးနဲ့ ဆိုင်လို့လား""

ကျနော် စလိုက်သည်

""ခင်..ခင်များ😠😠
ဟင့်....""

ချာကနဲ ငိုပြီးလှည့်ထွက်သွားသော ကလေးကြောင့် ကျနော် ကြောင်သွားသည်

ဒါ Dokyungsoo ၏ ပုံမှန် အနေအထားမဟုတ်
ပုံမှန်ဆို ကျနော်ကို့ အမျိုးမျိုး အကြောင်းရှာ ရန်ဖစ်အော်ဟစ်ပြီး စိတ်ကောက်တက်တာ

အခုတော့ ဘာမှကိုမပြောသွား...

ထွက်သွားသော ကလေးနောက်ကို အမြန် သုတ်ခြေတင်ပြေးလိုက်သွားရတော့သည်

တွေ့ပြန်တော့လည်း ကလေးက elevatorထဲ အမြန်ဝင်သွားလို့ မမှီလိုက်
ထို့ကြောင့် ရိုးရိုးလှေကားကနေ အမှီလိုက်ရတော့သည်

အောက်ရောက်ရောက်ချင်း ကားပါကင်စီပြေးသွားပါသော်လည်း မမှီ

ထို့ကြောင့် ကလေး၏ အိမ်ကိုသာ အမြန်မောင်းထွက်လာလိုက်သည်

""ဟင့်😢 လူဆိုးကြီး လူယုတ်မာကြီး စားပြီးနားမလည်ကြီး 😢😭😭""

Kyungsoo ကားပေါ်တွင် အော်ဟစ်ပြီး ငိုနေသည် ရှေ့ခန်းတွင် ထိုင်နေသော Jongdae လည်း နားတွေအူလှပြီ

""Kyung ya.. တော်ပါတေ့ဟာ မင်းဟာကလည်း
Argyshii က စလိုက်တာနေမှာပါ ""

""😠😠 ဘာစတာလဲ ဒါစ စရာမဟုတ်ဘူး
ငါ့မလိုက်လို့ သက်သက်ငါ့ကို ရွဲ့တာ...
မကျေနပ်ဘူး....
ဝါးးးးး 😭😭😭😭😭""

I FOUND U [Completed]Read this story for FREE!