ကြွေရုပ်-30

Comincia dall'inizio
                                    

"အဲ့တာဆို...အဲ့တာဆို Baekhyun hyung ကကျွန်တော့်အစ်ကိုဆိုတာသေချာသွားပြီပေါ့နော်...ဒါနဲ့လေ mother Baekhyun hyung ရဲ့အစ်ကိုကရော သူဘယ်မှာလဲဟင်"

"အင်း...Kyunhyun လေးနဲ့အဆက်အသွယ်မရခဲ့တာကြာရောပေါ့...သူတို့ညီအကိုဒီမိဘမဲ့ဂေဟာကိုရောက်လာပြီးတစ်နှစ်လောက်ကြာတော့ ဂေဟာမှာအလှူလာလုပ်နေကြ သူဋ္ဌေးတစ်ယောက်က Kyunhyun လေးကိုသဘောကျပြီးမွေးစားဖို့ခေါ်သွားခဲ့တယ်...ဒါပေမဲ့ သူကံဆိုးတယ်ဘဲပြောမလား သူ့ကိုခေါ်သွားတဲ့ကားကလမ်းမှာတင်accident ဖြစ်ခဲ့တယ်လေ...အဲ့ကတည်းကသူသေလားရှင်လားမသိရတော့တာ ခုထိဘဲဆိုပါတော့....Baekhyun လေးကတော့အဲ့အချိန်တုန်းကအရမ်းငယ်သေးလို့ ဘာမှမမှတ်မိဘူးလေ...သူ့မှာအစ်ကိုရှိတယ်ဆိုတာတောင်မသိခဲ့ဘူး...နောက်တော့ Kyunhyun လေးသေလားရှင်လား မသိတာကြောင့် mother တို့လဲ Baekhyunee လေးကိုစိတ်မထိခိုက်စေချင်တာနဲ့သူ့မှာအစ်ကိုရှိတယ်ဆိုတဲ့အကြောင်းမပြောပြခဲ့တော့တာ"

"အဲ့တာဆို ကျွန်တော့်ရဲ့ hyung ကခုသေလားရှင်လားမသိဘူးပေါ့နော်....ကျွန်တော့်ကိုသူ့ဓာတ်ပုံလေးပြလို့ရမလား?"

အမှန်ပြောရရင် Sehun သူ့အစ်ကိုအကြီးဆုံးရဲ့ပုံကိုတောင်မမြင်ဖူးပါ...ဘာလို့လဲဆိုတော့မိသားစုဓာတ်ပုံမှာ သူ့အစ်ကိုကြီးပုံမပါဘူးလေ...omma ပြောတာတော့ ဓာတ်ပုံရိုက်တဲ့နေ့က သူ့အစ်ကိုကြီးကဦးလေးအိမ်ခဏသွားလည်နေတာနဲ့ နောက်မှရိုက်မယ်ဆိုပြီး မိသားစုလေးယောက်ဘဲရိုက်ဖြစ်ခဲ့တာတဲ့...

Hyung သေလားရှင်လားမသိဘူးဆိုပေမဲ့ ကျွန်တော်သူ့ကိုဆက်ရှာဦးမှာပါ...တကယ်လို့...တကယ်လို့ မတော်တဆသေသွားခဲ့တယ်ဆိုရင်တောင် ကျွန်တော်သူ့ကိုတွေ့ခွင့်မရှိတော့ဘူးဆိုရင်တောင် ကျွန်တော့် hyung ငယ်ငယ်တုန်းကဘယ်လိုပုံမျိုးလဲဆိုတာသိချင်မိတယ်...

"ဒီမှာလေ သူက Kyunhyun...ညီအစ်ကိုနှစ်ယောက်ရိုက်ထားတဲ့ပုံလေ"

Mother ပြတဲ့ပုံလေးကိုကြည့်ပြီး Sehun အံ့သြလွန်းလို့ပါးစပ်ပင်ဟသွားသည်။

"သူ...သူက.."

ဓာတ်ပုံထဲက Kyunhyun ဆိုတဲ့ကောင်လေးပုံကို Sehun သေချာမြင်ဖူးတယ်...ဘယ်မှာမြင်ဖူးပါလိမ့်?

ကြွေရုပ်(Complete)Dove le storie prendono vita. Scoprilo ora