Only Your Love

2.5K 457 115

နှလုံးသားတစ်စုံကို
အား နဲ့ ဆွဲညစ်ခံလိုက်သလိုမျိုး
နာကျင် သွား ရ သော် ငြား ....

ထို နာကျင်မှု ကို ဖြစ်တည်စေသည့်
အနှီမြင်ကွင်းအား မြင်လွှာမှ ပျောက်ကွယ်သွားစေရန် ရည်ရွယ်ရ်ျ
အုပ်မိုး ပေး လိုက်သော..
ထို လက်ဖ၀ါး တစ်စုံ မှာ တော့ ...

အံ့သြစရာကောင်းလောက်တဲ့

နွေးထွေးမှု တစ်ခုကို ပေးစွမ်း နိုင်လေရဲ့ .. ။

မဖြစ်နိုင်တာ..!

ထို လက်အစုံမှ ရုန်းထွက်လိုက်ရင်း
အနောက်ကို လှည့်ကြည့် လိုက်တော့..
အနည်းငယ် စိုးရွံ့နေဟန်တူသော ထိုလူသားက
မျက်လုံးလေး ပြူးကာ..
လက်ဖ၀ါးလေးနှစ်ဖက်ကို 
နောက်သို့ ကပျာကယာပစ် လိုက်လေရဲ့..။

တစ်ခုခုကို ပြောပြချင်နေဟန်ပေါ်သော
မျက်ဝန်းအစုံက
ကျနော် စိတ်ဆိုးသွားမှာ ကို
သေမတတ် စိုးရိမ်နေသယောင်.. ။

"ဘာလုပ်တာလဲ ?.. "

ကျနော့် မေးခွန်းအဆုံး ခန္ဓာကိုယ်လေး
တစ်ချက်တုန်တက်သွားသော
ထို လူသား ကြောင့်
ကျနော့် လေသံက
အဲ့လောက်တောင် မာသွားလေသလား.. ဟု
တွေးမိသည် အထိ.. ။

"နောက်ခါ ငါ့ကို အရမ်းရင်းနှီးသလို ပုံစံတွေနဲ့
လာ မဆက်ဆံနဲ့..
မင်းနဲ့ငါက အဲ့လိုဆက်ဆံရေးမှာ မရှိဘူး..
Hak..
ဒါကို မင်းလည်းသိမှာပါ.. "

ခပ်ရွဲ့ရွဲ့ စကားအဆုံး
မော့ကြည့်လာတဲ့ မျက်ဝန်းအိမ် များထဲတွင်
ဝမ်းနည်းမှု ဟု ခေါ်ထိုက်သည့်
လှိုင်း အချို့က ဖြတ်ပြေးသွားလေရဲ့.. ။

"ဘာလဲ?
ဝမ်းနည်းသွားတာလား..? "

ရယ်သံခပ်စွက်စွက် မေးခွန်းက
အရှိုက်တည့်တည့် ကို ထိသွားဟန်.. ။

"မသနားတတ်ဘူး "

အေးစက်စက်စကားက
နာကျင်မှုကို ပိုတိုးစေသယောင်.. ။

မျက်ရည်စ တစ်ခု က ပါးပြင်ပေါ်သို့ လိမ့်ဆင်းသွားလေရဲ့.. ။

"Tsk..
ယောကျာင်္ီးတန်မဲ့.. "

ထို စကားအဆုံး
အစောက လိမ့်ဆင်းသွားတဲ့
မျက်ရည်စအား ကပျာကယာ သုတ်လိုက်သော
သူ့ပုံစံက..
ကျနော် မြင်ဖူးတဲ့  Drama တွေထဲက
စိတ်ပျက်စရာ ဇာတ်ဝင်ခန်းတစ်ခုလို.. ။

Dumb Read this story for FREE!