ကျေးဇူးတင်စကား

36K 1.9K 226
                                    


အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပထမဆုံးပြောပါရစေ။

ဒီဇာတ်လမ်းကို ရေးတဲ့အချိန်မှာ ပြီးခါနီးမှ ခရီးထွက်ရမယ့်အချိန်နဲ့ ဖြစ်နေလို့ အားလုံးကို အချိန်ပေးပြီး comment မဖြေပေးနိုင်ခဲ့တာကို တကယ့်ကိုစိတ်မကောင်းလို့ တောင်းပန်ချင်ပါတယ်။ အချိန်ကုန်ခံ ဖတ်ပေးတဲ့သူတွေ၊ feedback ပေးလာသူတွေကို အရမ်းကို ကျေးဇူးတင်သလို comment တစ်ကြောင်းတွေ့တိုင်း တစ်ကြောင်းပြန်ပြီး ဖြေချင်တာ မမွန်ရဲ့ဆန္ဒပါ။ ကိုယ့်ကို အသိအမှတ်ပြုပေးလာသူတွေကို ကျေးဇူးဆပ်ချင်တဲ့ သဘောပါ။ ဒါပေမယ့် ဒီတစ်ပုဒ်မှာ လူတိုင်းလူတိုင်းကို မဖြေနိုင်ခဲ့ရင်၊ ကျော်သွားတဲ့လူရှိခဲ့ရင် ခွင့်လွှတ်ပါလို့။

နောက်တစ်ခုက ဖတ်ပေးသူတွေရဲ့ ဖြူ စင်မှုကို အရမ်းလေးစားတဲ့အကြောင်းပြောချင်တာပါ။ ဒီဝတ္တုထဲက ဇာတ်ကောင်တွေရဲ့ အကျင့်စရိုက်တွေ၊ ဇာတ်လမ်းဇာတ်အိမ်တွေကို ကိုယ်ကိုတိုင်ဖြစ်နေသလို ၀င်ခံစားပြီး အားပေးတာ အရမ်းကို ကျေနပ်ရသလို ဂုဏ်ယူရပါတယ်။

နောက်ဆုံးတစ်ခုကတော့ မမွန်ရေးတာဖတ်တဲ့သူအများစုဟာ လူငယ်တွေဖြစ်လို့ အစ်မကြီးတစ်ယောက်အနေနဲ့ နည်းနည်းလျှာရှည်ကြည့်ချင်လို့ပါ။

လူငယ်ဆိုတာ အဖြူ ရောင်သက်သက်ပါ။ ဒါ့ကြောင့်လည်း ရိုးရာအစွဲတွေ၊ ယဉ်ကျေးမှု အယူတွေကို ကိုယ့်နှလုံးသားနဲ့ အသိနဲ့ ပြန်ပြု ပြင်ပြီးမှ လက်ခံသင့်တာကိုလက်ခံပြီး လက်မခံသင့်တာကို လက်မခံကြတာပါ။

ဒါ့ကြောင့်လည်း LGBT အချစ်ဇာတ်လမ်းတွေကို ရင်ဖွင့်နားလည်ပေးကြတာလို့ ထင်တယ်လေ။

ညီမတို့ကလေးတွေ၊ လူငယ်တွေရဲ့ ဖြူ စင်မှု၊ ရဲရင့်မှုတွေကို မမွန်တို့အတုယူဖို့ကောင်းတယ်လို့ တစ်ခါတစ်လေ တွေးမိတယ်။ ညီမလေးတို့လို စိတ်ဓါတ်မျိုးသာ လူတိုင်းမှာရှိရင် LGBT တွေအတွက် ခွဲခြားဆက်ဆံမှုတွေ မုန်းတီးမှုတွေ မရှိတော့မှာ သေချာပါတယ်။ အဲဒီကနေစပြီး လူမျိုးခွဲခြားတာ၊ အသားအရောင်ခွဲခြားတာတွေ နောက် ဘာသာရေး အယူအဆ ပြီးတော့ အကြောင်းအမျိုးမျိုး နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေလည်း ရှိစရာမလိုတော့ဘူးလို့ထင်တယ်။

တော်ပြီနော်။ စကားရှည်နေပြီ။

အားလုံး အားလုံးကို အထူး ကျေးဇူးတင်ပါတယ်လို့... <3<3<3<3

......................................................


Black AngelWhere stories live. Discover now