Part-29 (Final Part -1)

2.2K 191 3

""Hyung...hyung... kyungsoo...
Do kyungsoo...::

အခန်းပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက် ကြည့်နေသော်လည်း hyung ကို မတွေ့မိတာကြောင့် ရင်ထဲမှာ အပူလိုင်းတခုက ဖြတ်သွားသည်

အခန်းတခါးကို ဆွဲဖွင့်ပြီး အပေါ်ထပ်ရှိ အခန်းအားလုံးကို တခန်းဝင် တခန်းထွက် လိုက်ရှာနေတော့သည်

တထပ်လုံး၌လည်း မတွေ့ ဝန်ရံတာကနေ အပြင် ခြံထဲကို လှမ်းကြည့်တော့လည်း မတွေ့
အောက်ထပ်ကို ပြေးဆင်းသွားပြီး hyung အလုပ်ခန်း စာကြည့်ခန်းကို သွားကြည့်တော့လည်းမရှိ

**Hyung ရာ..ဘယ်တွေသွားနေတာလဲ ကျေးဇူးပြုပြီး ကျနော့ကို မနောက်ပါနဲ့တော့ဗျာ....**

အဖျားခပ်တုန်ရီနေသော အသံနှင့်ဝေ့တက် လာသော မျက်ရည် တို့ကြောင့် ဘယ်ဘက်ရှိ နှလုံးသားတနေရာက စူးကနဲ အော့တက်လာသည်

မီးဖိုခန်းက ကြားလိုက်ရသော အိုးခွက်သံ အချို့ကြောင့် ခြေလှမ်းများက ထိုနေရာသို့ ဦးတည်လိုက်သည်

Kyungsoo မနက် စောစော နိုးနေတာကြောင့် kai စားရန် မနက်စာပြင်ဖို့ မီးဖိုချောင်ထဲသို့ ရောက်လာသည်

ပေါင်မုန့် မီးကင်နှင့် ကော်ဖီ အစား ထမင်းချက်လိုက်ရင်း ဂင်ချီကျီဂဲဟင်းရည်နှင့်အရန်ဟင်း
၎ ၅မျိုးလောက် ချက်နေလိုက်သည်

နာရီကို ကြည့်တော့လည်း ၇ နာရီကျော်လို့ ၁၅တောင်ဖြစ်နေပြီ

ဟင်းရည် ကို မီးအရှိန်လျော့ပြီး ခပ်ထည့်နေတုန်း
ခါးပေါ်သို့ ရောက်လာသော လက်တစုံကြောင့် ဟင်းရည်ထည့်နေသည့် လက်တစုံက ခတ္တရပ်တန့်သွားသည်

""Hyung ကျနော် နိုးလာတော့ hyung ကိုမတွေ့လို့ ဘယ်လောက် စိတ်ပူသွားတယ် ဆိုတာ
hyung သိလား....
ကျနော့်ဘေးကနေ hyung ထွက်သွားပြီ ထင်တာ ကျနော့်ကို စိတ်ကုန်လို့ ထွက်သွားပြီလို့ထင်နေတာ.....""

အဖျားခပ်တုန်ရီလာသော အသံနှင့်အတူ ပခုံးပေါ်သို့ ကျလာသော မျက်ရည်စက်အချို့ကြောင့် kyungsoo သက်ပြင်းရေးရေးလေးချလိုက်သည်

I FOUND U [Completed]Read this story for FREE!