Part-30 (Final Part-2)

Start from the beginning

""ဟုတ်တယ် ငါသေချင်နေပြီ သူမရှိရင် ငါဆိုတာလည်း ဘာလုပ်ဖို့ အသက်ရှင်နေရအုန်းမှာလဲ""

""မင်းနာကျင်တာကိုရော မမြင်တော့ဘူးလား ""

""သူနာကျင်ရတာထက် စာရင် ငါနာကျင်ရတာက မပြောပလောက်ပါဘူးsehun ....""

ကားအတွင်းရှိလေထုသည် ခေတတ ငြိမ်သက်သွားသည်

""Kai...မင်း နောင်တမရမှာ သေချာလား""

""မင်းသာ ပြန်လှည့်မပေးဘူးဆိုရင်တော့ ငါနောင်တရမှာသေချာတယ် sehun""

မကြာပါ အဝေးပြေးလမ်းမကြီးပေါ်မှ ကားတစီးသည် မိမိလာရာ လမ်းတချက်သို့ ပြန်လည် ကွေ့သွားခဲ့တော့သည်

Kai တို့ ပြန်ရောက်လာလာ ချင်း တံခါးကို ဆွဲဖွင့်လိုက်တော့ အားလုံးက ရှုပ်ထွေးလို့နေလေပြီ

"တယောက်နှင့်အများ တိုက်ခိုက်နေရသည်ဖြစ်၍ kyungsoo သည် အနဲနှင့်အများတော့ ဒဏ်ရာများရရှိနေလေပြီ


ပုံမှန်သွေးသောက်ခြင်းမရှိတာကြောင့် ခံနိုင်ရည်အားသည် လည်း ပုံမှန်ထက် ယုတ်လျော့နေသည်

Kyungsoo လဲနေရာကနေ ပြန်ထရင်း ဆက်တိုက်သည် တယောက်ထဲဆိုသော ရပ်တည်မှုနှင့် အတက်နိုင်ဆုံး တိုက်ခိုက်နေသည်


Kyungsoo ၏ ခြေထောက်ထံသို့ ရိုက်လွှဲ လိုက်သော တုတ် ကြောင့် kyungsoo ခြေထောက်ထောက်ရက် လဲကျသွားသည်

ထို့နောက် ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျလာသော ရိုက်ချက်များနှင့်အတူ ခြေထောက်နှင့် ကန်နေချက်များကို အလူးအလဲ ခံစားနေရတော့သည်

Sehun နှင့် kai ထို လူအုပ်ထဲသို့ ဝင်သွားရင်း တဖက်သို့ တိုက်ခိုက်နေတော့သည်

""ဘာ~ဘာလို့ ..ပြန်လာတာလဲ
သွား..ထွက်သွား...မင်းအတွက် ထိခိုက်လိမ့်မယ်....""

""ဟင့်အင်း..hyung ကျနော်မပြန်ဘူး
hyung အတွက်ဆို ကျနော် အသက်သေခံရဲတယ်""

I FOUND U [Completed]Read this story for FREE!