Part-27

1.7K 168 0

ကျနော် ဖျက်ခနဲ လန့်နိုးလာတော့ ဘေးနားမှာက
Do kyungsoo သူဘယ်လိုလုပ် ကျနာ့်အခန်းထဲရောက်နေတာလဲ
ဘာလို့ ကျနော့်ဘေးမှာလာ အိပ်နေရတာလဲ

ကျနော်လည်း ရန်တွေ့မယ် ကြံလို့ သူ့ကို လှည့်ကြည့်တော့
ပင်ပန်းလို့နဲ့တူတယ် ပုံစံက နဲနဲနွမ်းနေတဲ့ ပုံပေါ်နေတယ်

ကျနော် သူ့မျက်နှာရှေ့ လက်ကို ဟိုရမ်းဒီရမ်းလုပ်ပြီးသေချာအောင်စစ်လိုက်တယ်

""အိပ်ပျော်နေတာဘဲ....""

ကျနော်လည်း ကုတင်ပေါ်ပြန်လှဲလိုက်ရင်း သူ့ဘက်ကို မျက်နှာလွှဲလိုက်သည်

ကျနော်အခုမှသေချာကြည့်မိတယ်

Dokyungsoo ကအိပ်နေတာတောင် ချစ်ဖို့ကောင်းတယ်ဆိုတာ .....
ကျနော်သူ့နဖူးကို အသာတို့လိုက်တယ် ပါး၁ဖက်ကို ထိလိုက်ပြန်တော့ ကျနော့်လက်ညိုးလေး နှစ်ဝင်သွားတယ်

**အိအိလေးဘဲ ကျနော် အမြဲတမ်းလွမ်းနေတာ
သူ့ရဲ့ အထိတွေ့တိုင်းကို....**

အမှန်ပြောရရင်ကျတော်စိတ်ပြန်လည်ချင်တယ် ကျနော်အရာအားလုံးကို ဒီတိုင်းပစ်ထားပြီး ကျနော်သူနဲ့ဘဲ ဘဝကြီးကို ရှေ့ဆက်ချင်တယ်

Kyungsoo  အနဲငယ် လှုပ်လာတာကြောင့် kai မျက်လုံးတွေကို ပြန်မှိတ်ရင်း အိပ်ချင်ယောင်ဆောင်လိုက်သည်

Kai မသိလိုက်တာက တဖက်ကကောင်လေးက သူမနိုးခင်ကတည်းက နိုးနေတယ်ဆိုတာ.....

""Argyshiii....""

""Nae သခင်လေး Kai..""

""ကျနော့်ကို အဲလို မခေါ်ပါနဲ့ ဒီတိုင်း Kai လို့ဘဲ ခေါ်ပေးပါ...""

""တောင်းပန်ပါတယ် ဒါ သခင်လေး kyungsoo ရဲ့ အမိန့်ပါ...""

""ထားပါတော့ .....ဒါနဲ့ Do kyungsoo ဘယ်သွားလဲ
ကျနော်...သိချင်လို့မဟုတ်ဘူးနော် ...ဟို...
ဒီတိုင်း..မတွေ့..လို့မေးတာ....""

တဖြည်းဖြည်း တိုးသွားသော Kai အသံကို သဘောကျ နှစ်ခြိုက်စွာ အိမ်တော်ထိန်းပြုံးလိုက်သည်

I FOUND U [Completed]Read this story for FREE!