Part-24

1.7K 172 0

Sis ရှေ့ပိုင်းမှာ D.O နဲ့ Kai နဲ့မတွေ့တာ ၁ပတ်လို့ရေးထားတယ် အဲဒါ ၁လ လို့ ပြောင်းဖတ်ပေးပါနော် sis ပြင်ရေးထားပါတယ်

°•○°•○°•○°•○°•○°•○°•○°•○°•○°•○°•○°•○°•○°•○

**စစ်ဆေးခန်းရဲ့ မှန်ကနေတဆင့် မြင်တွေ့နေရတဲ့ လူက ကျနော်ချစ်သူ dyo ဆိုတာ မယုံနိုင်သေး

အနောက်တိုင်းအင်္ကျီ အမဲရောင်ကို ဆံပင်အပြောင်လှန်တင်ထားတဲ့
CEO Do kyungsoo က

ရှပ်အင်္ကျီကွက်လေးကို ဘောင်းဘီ quarter လေးနဲ့တွဲဝတ်တက်တဲ့ dyo ဆိုတာ ကျနော်ဘယ်လိုမှမယုံနိုင်ဘူး**

**ကျနော် တွေ့ချင်နေပေမဲ့ လက်တွေ့မှာ ရင်ဆိုင်ဖို့ ခက်ခဲနေခဲ့တယ်
ကျနော် ထပ်ပြီး တွေ့ဆုံချင်တာ ဒီလိုအခြေနေမျိုးမှမဟုတ်ဘဲ

ဒီအမှုကို ကျနော်စစ်မမေးနိုင်လို့ cap ကိုဘဲလွှဲထားရတယ်
ကျနော်ဘယ်လို အင်အားနဲ့ကြည့်နေနိုင်မှာလဲ ချစ်ရသူကို လက်ထိပ်ခတ်ရက်သား နဲ့တွေ့ရတာ ကျနော့် ရင်တွေနာတယ်**

**Siwon hyung တောင် မျက်နှာမကောင်းဘူး hyung လည်း စစ်မေးဖို့ရာ ခက်ခဲနေမှာပေါ့
Sehun ကတော့ အားပေးပါတယ်**

^^အဆင်ပြေသွားမှာပါတဲ့ hyungထွက်သွားရင် မင်းဝင်မေးကြည့်ပေါ့တဲ့^^

**ကျနော်တို့ကြားက ကိစ္စတွေက အဲလောက်ထိမရိုးရှင်းဘူး ဆိုတာ ကျနော်တို့ကလွဲပြီးဘယိသူမှမသိနိုင်ဘူး

၁လအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေအများကြီးရှိနေခဲ့တယ်**

**မေးချင်တယ် ဘာလို့လဲ ဘာလို့ဒီလိုလုပ်ခဲ့တာလဲ
ကျနော်နှင်ထုတ်ခဲ့လို့ လုပ်ခဲ့တာလား **

**ဘယ်လိုဘဲဖြစ်ဖြစ်
ကျေးဇူးတင်ပါတယ် ကံကြမ္မာရယ်... ကျနော့်ချစ်ရသူ (ခေါ်) မုန်းနေမိသူ
ကို နောက်တခေါက်လောက် တွေ့ဆုံခွင့်ပေးခဲ့တဲ့အတွက်
ကျေးဇူးတင်ပါတယ် .....**

**ကျနော့်နဲ့ ဒီလိုထပ်တွေ့ဆုံရလိမ့်မယ်လို့ ဘယ်တော့ခါမှ မထင်ခဲ့ဘူး မတွေးထားခဲ့မိဘူး
ကျနော်လွမ်းနေခဲ့တာပါ ကျနော်ရဲ့ jong ကိုလေ.....**

I FOUND U [Completed]Read this story for FREE!