Ep-1

13.4K 608 11
                                    

နှလုံးသားတစ်စုံရဲ့ တောင်ပံခတ်သံ
အပိုင်း - ၁

ဖျက်ခနဲ ဖျက်ခနဲ ကင်မရာ မီးရောင်စုံနဲ့ ပရိတ်သတ်များကြား စင်မြင့်ထက်မှ ယောကျာင်္း ပျို တစ်ယောက်ကို သတင်းထောက်များနှင့် လူများစွာ စိတ်ဝင်တစား ကြည့်နေကြသည် "အောင်မြင်သူများ၏ ဘဝ" အစီအစဉ် တိုက်ရိုက် ထုတ်လွှင့်မှုတစ်ခုလည်းဖြစ်သည်လေ
ထိုစဉ် သတင်းထောက်မှ

"Kim Kai shii ခုလို ကမ္ဘာ့ အဆင့်မှီ Daylight Hotelကြီး ကို ဆောက်ဖို့ တော်တော် ခက်ခဲခဲ့မှာပဲနော် "

"nae အခက်ခဲတွေကတော့ မျှော်လင့်ထားတာကော မထင်မှတ်ထားတာတွေကော အများကြီးတွေ့ခဲ့ပါတယ် "

"ဘယ်လို အခက်ခဲမျိုးက Kim kai shii အတွက် အခက်ဆုံးလဲ"

"အင်း.........ဘယ်လိုအရာတွေလည်းဆိုတော့ ဒီ Daylight Hotel က supermarket ကော
ထိပ်ဆုံးထပ်မှာ ဆိုရင် cafe ဆိုင်လေးလည်းပါတယ် ဆိုးလ်ရဲ့ ညရှုခင်းလေးတွေကို အထူးခံစားစေချင်လို့်ပါ အဲ့ဟာတွေအတွက် design ဆွဲတဲ့ နေရာမှာ နည်းနည်း အခက်ခဲတွေတော့ရှိတယ် ကိုယ်က ဟိုလိုလေးကြိုက်တယ် ဒါပေမယ့် construction ကကျ အဲ့လိုဆိုမဖြစ်နိုင်ဘူးပေါ့ အဲ့လိုပဲ တစ်ခုပြီး တစ်ခု ဖြစ်နိုင်တာနဲ့ ကိုယ့်အကြိုက်နဲ့ ညှိရတာတော့ တော်တော်ခက်ခဲ့တယ်

အခက်ဆုံးကတော့ ဓာတ်လှေကားကို အပြင်ကနေထုတ်ထားတာပဲ ဒီဟိုတယ်ရဲ့ ထူးခြားတဲ့ အဓိက အချက်ကလည်း အဲ့ဒါပါပဲ သူများ ဟိုတယ်တွေမှာ အဲ့လိုမရှိဘူးလေ ဒီဟိုတယ်ရဲ့ ဓာတ်လှေကားတွေကို မှန်တွေနဲ့ပဲသေချာ design ဖော်ထားပြီး အပြင်ထုတ်ထားတဲ့အတွက်
အပြင်ကရှုခင်းတွေကို ဓာတ်လှေကား စီးရင်း ခံစားနိုင်တယ်လေ မိုးပျံရထားစီးရသလိုပေါ့ မှန်နဲ့ကာထားတာဖြစ်တဲ့အတွက် မသိရင် ကိုယ်ဟာ တဖြည်းဖြည်း လေပေါ်ပျံနေသလို ပဲ ကြောက်တတ်တဲ့သူတွေအတွက်လည်း အထဲမှာ ဓာတ်လှေကား သီးသန့်ပါ ပါတယ် "

"wow ....သိပ်ထူးခြားတဲ့အတွေးပဲ ဘယ်လိုများစဉ်းစားမိပါလိမ့် "

"ကျွန်တော့ရဲ့ သိပ်ချစ်ရတဲ့ တစ်ယောက်သောသူ ဆီကပါ "

"ဟိုလေ....Kim kai shi တစ်ခုလောက် မေးလို့ရမလား "

နှလုံးသာတစ်စုံရဲ့ တောင်ပံခတ်သံ Where stories live. Discover now