Part-21

1.8K 174 0

ကျနော် ခြေလှမ်းတွေလေးပင်နေတယ် ဘာလို့လဲ
Hyung ပြောသလို ကျနော်တကယ်ဘဲပြောလိုက်ရတော့မှာလား

ခြေလှမ်းတွေက နေထိုင်ရာအိမ်သို့ ဦးတည်နေသော်လည်း အတွေးတွေက လွှင့်ပြန်နေဆဲ မိုးတွေရွာနေလို့ ပြေးလွှားပြီး မိုးခိုနေသူတွေ ပြေးလွှားနေသူတွေ ကြားထဲမှ ကျနော်တယောက်ထီးထီးကြီး လမ်းလျှောက်နေတယ် မိုးရေတွေစိုရွှဲနေလို့.... ရင်ထဲကအပူကိုလျော့လိုလျော့ညား ထီးမဆောင်းဘဲလျှောက်နေပေမဲ့ အပူတွေကမငြိမ်းနိုင်.....

တုန်ခါသွားသော ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ကြည့်တော့
ချစ်ရသော တဦးတည်းသော ချစ်သူပုံလေး
ကျနော်နှင့် ချစ်သူဖြစ်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ရက်က ရိုက်ထားသော ဓာတ်ပုံလေး

တယောက်ကိုတယောက်က အုပ်မိုးပြီးဖက်ထားကာ အပြုံးတွေဝေဆာနေသော ကောင်လေး၂ယောက်ပုံလေး  ကြောင့် ကျနော် အလိုလိုနေရင်းပြုံးမိသည်

**Jong မင်းက hyung အပေါ် ဒီလောက်အထိ ဆိုးမိုးနိုင်တဲ့သူတယောက်ပါ hyung မင်းကို ပြောသင့်လား hyung ဘယ်လိုလုပ်ရမလဲဟင်....**

""Inn...hyung ပြော...""

""ဘာလို့ဖုန်းကိုင်တာကြာနေတာလဲ""

""Miyanae ကျနော် မကြားလိုက်လို့ပါ""

""အော်ဟော....ပြောပြန်ပြီ ကျနော်ကျနော်နဲ့ ကိုယ်စိတ်တိုလာပြီနော်""

""အာာ miyanae hyung ဒါနဲ့ ဘာကိစ္စရှိလို့လဲဟင်""

""ပြောမဲ့ကိစ္စတောင်မေ့သွားတယ်
Appaလေ.....""

""Inn argyshi ဘာဖစ်လို့လဲဟင်""

""Appa သတိရလာပီ Hyung appa သတိရလာပြီ

အာ့ baby ဆေးရုံကို လာခဲ့ပါလား hyung ရောက်တော့မယ်""

**ကံဆိုးမသား သွားရာ မိုးလိုက်ရွာ ဘဲဆိုရမလား
ကျနော်ကဘဲ ကံဆိုးတာလား ကံတရားကဘဲမျက်နှာသာမပေးသည်လား မသိ
Jong appa နိုးလာပြီတဲ့ ဒါဆို ..ဟို..ဟိုကိစ္စများ....**

I FOUND U [Completed]Read this story for FREE!