At hospital...
Sica လူနာခန်းထဲဝင်လိုက်သည်နှင့် မြင်လိုက်ရသော မြင်ကွင်းက ရင်ထဲနင့်ကနဲ ဖြစ်သွားစေခဲ့သည်
Soojung တယောက် လူနာခုတင်ပေါ်မှာ... မျက်စိလေးမှိတ်ပြီး လှဲနေသည်
လက်မှာလည်း ဆေးထိုးအပ်တွေ ဆေးပိုက်တွေ တန်းလန်းနှင့်
Sica ဘေးနားက nurse တယောက်ကို လက်ဆွဲပြီး
Sica:ဆရာမရှင့် ဒီလူနာ အခြေအနေ ဘယ်လိုရှိသေးလဲ မသိဘူး
Nurse:လူနာက အမောဖောက်ပြီး နှလုံးနည်းနည်း ထိသွားတာပါ ခုနလေးကမှ အိပ်ဆေးပေးထားတော့ နောက် ၂နာရီလောက်မှ နိုးပါမယ် ဒါနဲ့ ရှင်က?
Sica:ကျမက ဒီလူနာရဲ့အမပါ
Nurse:Aww လူနာရှင်ဆိုရင် ဒီဘက် ခဏကြွပါရှင့် doctorက လူနာရှင်လာရင် သူ့ဆီခေါ်ခဲ့ဖို့ မှာထားလို့ပါ
Sica:Nae...
***** ***** *****
Sica လည်း nurse နောက်သို့လိုက်လာရင်း doctor's office သို့ရောက်လာ၏
Sica ဝင်သွားသောအခါ doctor က
Doc:Aww ဒီက လူနာ Jung Soojung ရဲ့ လူနာရှင် ထင်တယ်
Sica:Nae အမတော်ပါတယ်
Doc:ဟုတ်ကဲ့ပါ...ထိုင်ပါ
Sica လည်းထိုင်လိုက်ပြီး
Sica:Doctor ကျမ ညီမက ဘယ်လိုဖြစ်တာလဲ မသိဘူး?
Doc:Jung Soojung မှာက နှလုံးရောဂါ အခံရှိတော့ အမောမခံနိုင်တာနဲ့ ဒီလိုဖြစ်သွားရတာပါ
Sica:ရှင်!!!
Doctor က မျက်မှောင်ကြုံလိုက်ကာ
Doc:Jung Soojung မှာ ဒီလိုဝေဒနာ ရှိနေတာ မသိဘူးထင်တယ်
Sica:N...nae ကျမလည်း အခုမှ ပထမဆုံးသိတာပါ
Doc:ဟုတ်ကဲ့ ဒီရောဂါမျိုးက မျိုးရိုးလိုက်တတ်ပါတယ် မိသားစုထဲမှာ ဒီလိုရောဂါမျိုး ဖြစ်ဖူးလား
ထိုအခါမှ Sica စဉ်းစားမိသည်
ဟုတ်သားပဲ...Sica appa လည်း ဒီရောဂါနဲ့ပဲ ဆုံးသွားတာလေ
Sica:Appa လည်း နှလုံးရောဂါနဲ့ပဲ ဆုံးသွားတာပါ
Doc:ဒါဆိုရင် ပိုဂရုစိုက်ဖို့ လိုမယ်ထင်တယ် ဒီလို ရောဂါက အချိန်မရွေးထဖောက်နိုင်ပါတယ်
