Part 6

9.5K 639 30
                                    

"​အော်​ ​လေး​လေး​ရောက်​လာပီလား..."

Chen က ​ရော့ရဲရဲပြုံးပြကာဆို​လေသည်​...။
ပြီးစလွယ်​​ခေါင်းညိတ်​ပြမိပီး......
Chanyeol ကိုပဲ ​ငေးကြည့်​​နေမိသည်​...။

"ဘယ်​လိုဖြစ်​တာလဲ...."

"မနက်​ထဲက မျက်​နှာမ​ကောင်းလို့ ​မေး​နေတာ
ဘာမှမဖြစ်​ဘူးကြီးပဲ ​ဖြေ​နေတာ...
အားကစားချိန်​မှာ ဆရာက​ပြေးခိုင်း​တော့
သားကသူ့ကိုမင်း​ဖြစ်​မှာမဟုတ်​ဘူးလို့​ပြော​နေတာသူကရ​တယ်​တဲ့.... တစ်ပာတ်​ပဲ​ပြေးရ​သေးတယ်​ လဲကျသွားတာ....အိမ်​​ရောက်​ရင်​ နာနာရိုက်​ပီး ဆုံးမလိုက်​စမ်းပါ ​လေး​လေးရယ်​... ခံစား​နေရတာကိုမ​ပြောတဲ့​ကောင်​ကို......"

"အင်း.....ဒါဆို ခု​ခေါ်သွား​တော့မယ်​.."

"ဟုတ်​ ​လေး​လေးWu..."

Chanyeol က သူ့ကို မချိုမချဉ်​​လေး
ရယ်​ပြရှာသည်​....။
ဖျော့တော့နေသည့်မျက်နှာလေးကို ကြည့်နေရသူက မသက်မသာ...

"အခုဘယ်​လို​နေ​သေးလဲ..."

ကျောင်း​ဆေးခန်းမို့သက်​သာရုံသာ
ရမှာ​လေ....။

"​ခေါင်းမူး​နေတယ်....."

"အင်း.....ထလို့ရလား...
Papa ချီရမလား
မှီပ်ီိး​လျှောက်​မလား..."

"ရတယ်​ မှီပီးပဲ​လျှောက်​မယ်​... Chenကားဆီလိုက်​ပို့ပေး....."

Chen က ​ဘေးမှာ ဝင်​ရပ်​သည်...။
တစ်​ကိုယ်​လုံးကျွန်တော့်ဖက်ကိုပစ်​ကပ်​မှီရပ်​ထားပီး...သူ့လက်​တဖတ်​ကို​တော့ Chenက ထိန်းကိုင်​ထားခဲ့သည်​.....။

***********¿¿??*******¿¿??**********

"ဘယ်​လို​နေလဲ Xing...."

"​သွေး​ပေါင်​​တွေကျ​နေတယ်​...
ငါ သိပ်​​တော့ အားမရဘူး....
တစ်​ရက်​နှစ်ရက်​​စောင့်​ကြည့်​ပီးလို့
အ​ခြေ​နေမထူးဘူးဆိုရင်​ ​ဆေးရုံတင်​ထားရအောင်..."

"ဟင်​ အဲ့​လောက်​​တောင်​လား...."

ဒီရက်​ပိုင်းမှာChanyeolကို ပစ်​ထားမိ​လေသလား....။့ အတွေးနှင့်လူကချောက်ချားသွားမိသည်...။ Xing က​တော့ တစ်​ခုခု​တွေးသလို
ငြိမ်​​နေခဲ့​လေသည်....။

ကျွန်​​တော့်​ရဲ့.....❤သူ❤ --ကျွန်တော့်ရဲ့.....သူ Where stories live. Discover now