Intro

2.4K 104 30
                                        

     ~~~Unconditional Love~~~

At New York City.....

10 pm ခန့်...

ညအချိန်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း New York မြို့ကြီး၏ ထုံးစံအတိုင်း လမ်းမကြီးများပေါ်တွင် ကားသံ အော်ဟစ်သံ စက်ယန္တား တို့၏ ဆူညံသံတို့ဖြင့်သာ ပြည့်နှက်နေ၏

သို့သော်လည်း ထိုလမ်းမကြီးများနှင့်ဝေးရာ လမ်းသရဲများနှင့် Gangsters အုပ်စုများ ကျက်စားရာဖြစ်သော နောက်ဖေး လမ်းသွယ်ကလေးများတွင်တော့ New York မြို့နှင့် လားလားမှ မသက်ဆိုင်သကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေ၏

ထိုကဲ့သို့ လမ်းသွယ်ကလေးမြောက်မြားစွာ အထဲမှ တခု...

ထိုလမ်းကလေးမှာ လမ်းမီးတိုင်မရှိသဖြင့် အမှောင်ထုကသာ ကြီးစိုးနေသည်
တိုက်ခန်းတခန်းက နောက်ဖေးမီးဖွင့်ထားသဖြင့် ထိုတိုက်ခန်း၏ အောက်ဖက်တွင်သာ အလင်းရောင်ပြပြ တွေ့မြင်နိုင်သည်

ထို လမ်းသွယ်ကလေးထဲသို့ မိန်းကလေးတယောက်လမ်းလျှောက် ဝင်လာသည် ထိုမိန်းကလေး၏ ခြေလှမ်းများမှာ ကြောက်လန့်တုန်လှုပ်နေသော ခြေလှမ်းများမဟုတ် လူပြတ်သောနေရာ အလင်းရောင်ပြပြသာရှိသော လမ်းသွယ်ကလေးတွင် မိန်ကလေး တယောက်တည်း လမ်းလျှောက်နေရသည် ဖြစ်လင့်ကစား ထိုမိန်းကလေး၏ ခြေလှမ်းများမှာ ဘာကိုမှ မမှုသည့် ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေသော ခြေသံများပင်ဖြစ်သည်

သို့သော်မကြာမီပင် ထိုမိန်းကလေး၏ ခြေသံများ ရပ်တန့်သွား၏
အကြောင်းမှာ ထိုမိန်းကလေး၏ အရှေ့ဘက်မှ လူကြီးတယောက်က ပိတ်၍ရပ်နေသောကြောင့် ဖြစ်သည်

Man:Wow wow...what a lovely lady!

Girl:(အေးစက်သောအသံဖြင့်)What do u want?

Man:Oh common baby!...i just wanna have some fun with u!

Girl:U can have fun if u can give me what i want

Man:Haha...so...what u want?

Girl:Your life!(devil smile)

(Author ကိုမဆဲကြပါနဲ့ ဒီနေရာလေးကို english လိုရေးမှ ပိုကောင်းမှာမို့ပါ)

လူကြီးဘာမှ ပြန်မပြောနိုင်ခင်မှာပင် ထိုမိန်းကလေးက လျင်မြန်စွာ လှုပ်ရှားလိုက်သည်
မိန်းကလေးက ထိုလူကြီ၏ လည်ပင်းကို ညာဘက်လက် တဖက်တည်းဖြင့်ကိုင်ကာ လူတကိုယ်လုံးကို ငှက်မွေးလေးသကဲ့သို့ ဆွဲမကာ နံရံမှာ ကပ်ထားလိုက်သည်
လည်ပင်းကိုတင်းကြပ်စွာ ညှစ်ထားသဖြင့် လူကြီးမှာ အသံပင် မထွက်နိုင်
ထိုအခါမှ မိန်းကလေးက ဘယ်ဘက်လက်ကို မြှောက်လိုက်သည် ထိုဘယိဘက်လက်၏ လက်ဖမိုးတွင် tattoo လေးတခုရှိသည် ထို tattoo လေးသည် မိန်းကလေး လက်မြှောက်လိုက်သည့်အချိန်တွင် အနီရောင် တောက်လာလေသည် မိန်းကလေးလည်း တုန့်ဆိုင်းမနေပဲ ဘယ်ဘက်လက်ဖြင့် ထိုလူကြီး၏ နှလုံးသားရှိရာ နေရာတည့်တည့်ကို ထိုးစိုက်လိုက်သည် လူကြီးမှာ အလွန်နာကျင်သဖြင့် မိမိတတ်နိုင်သမျှ ရုန်းသော်လည်း မိန်းကလေး၏ အားကို မယှဉ်နိုင်
ရုန်းနေရင်းနှင့်ပင် လူကြီး၏ နှလုံးသားနေရာမှ အပြာရောင် အလင်းတန်းများထွက်လာပြီး မိန်းကလေး၏ လက်မှတဆင့် မိန်းကလေး၏ နှလုံးသားနေရာသို့ ဝင်ရောက်သွားသည်

Unconditional LoveWhere stories live. Discover now