Let Me Be Your Puppy_1

ابدأ من البداية
                                    

"ငါ သည် သန်စွမ်းကြံ့ခိုင်သော ယောင်္ကျား ကောင်း တယောက် ဖြစ်ရမည်"...

Baek : အ့ မ ကြည့်မယ်. လာထား......

အားရ ပါးရ မ လိုက်သော်ငြား....

Baek : အင့်... အု.... ဟုရှ်.....
အာ.... လေးလိုက်တာ.. တော်ပီ. အားကုန်တယ်..

နောက်တနေရာ ရွေ့ပြန်ပိ......ဒီတခါကျ သီးသန့် အခန်းလေးလို အမြင့်မှာ သပ်သပ် ခွဲ ထားသော နေရာတခု ဆီက ရွှေကြုတ်လေးနဲ့ ထည့်ထားသော ဖန်လုံးကြည်ကြည်လေး ဆီသို့...

Baek : ဒါ ဘာလုံးလေးလဲ။..ဖန်လုံးလေး ပါလား..အ့ ကို ဘယ်လို စမ်းသပ်ရမဲ....
အာ.. သိပြီ. သူများတွေ ပြော ပြောနေတဲ့ အတိတ် အနာဂတ်ကြည့် ဖန်လုံးများလား..
အတိတ် မသိချင်ဘူး. အနာဂတ် ချစ်သူ ကို သိချင်တယ်..
အ့တော့..... လာလေရော့......

Baek ပြောရင်းဆိုရင်း ဖန်လုံးတောက်တောက်လေးကို သူ့ လက်သွယ်သွယ်တွေ နဲ့ ဘယ်ပြန် ညာပြန် ပွတ်ချလိုက်သည်။...နှုတ်မှ လည်း.....

Baek : အနာဂတ်ရဲ့ ဖူးစာရှင် ကို ပြသတော်မူပါ... သိချင်လို့ပါ. ကွက်ကွက် ကွင်းကွင်း ကို ပြသပါ.....ချောချော လေး ဖြစ်ပါစေ.... ဥစ္စာပေါ ရုပ်ချောဆို ပို အဆင်ပြေပါတယ်။...

ပြောပြီး ကြည့်လိုက်တော့ ကြည်လင်နေတဲ့ ဖန်လုံးလေးက အရောင်မှိုင်း လာကာ မီးခိုးငွေ့ တွေလို မျိုး ထလာသည်။. တဖြည်းဖြည်း ပြန်ပါးသွားတော့ ထွက်ပေါ်လာသော ရုပ်လွှာ တခု..

အတော်ပင် ချောမောပြေပြစ်ပီး ကြည့်ကောင်းသူတဦး.. ကားနေသော နားရွက်လေးတွေ ပိုင်ဆိုင်ထားပြီး လုံးဝန်းသော မျက်လုံးများ.. ပြည့်ဖူးဖူး စတော်ဘယ်ရီ ရောင် နှုတ်ခမ်းတစုံ နဲ့...

ခက်တာက......

Baek : ယောင်္ကျားလေးကြီး!!

Chen : Ya! Byun သခင်လေး.. ဒီ ကို ဘယ်လိုရောက်နေတာလဲ။..

Baek : ဟို.. အဟဲ..  လာပွတ်.. အဲလေ...
မရောက်ဖူးလို့ ဝင် ကြည့် ကြည့်တာ. ဒါနဲ့လေ ပွတ်လို့ ကောင်းတယ်နော်.. အ့ အလုံးလေးက.. ဟိဟိ..

Chen : ဘာ!အ့တော့ ပွတ်လိုက် ပီလား. ဘာမေး လိုက်လဲ။...

Baek : သိပ်မများပါဘူး. အနာဂတ် ရဲ့ ဖူးစာရှင်လေးပဲ မေးလိုက်မိတာဘာ....

●Let Me Be Your Puppy●حيث تعيش القصص. اكتشف الآن