Part -6

2.6K 235 0

အိပ်ယာပေါ်တွင်မေ့မြောနေသော kyungsoo
ကုတင်ဘေး၂ဖက်စီတွင် ရပ်နေသော luhan နဲ့ kris

"Luhan ဒီကိစ္စကို ဘယ်လိုလုပ်မှာလဲ"

"jongin နောက်တခေါက်ပေါ်လာပီဆို kyungie ဒီတိုင်းနေမှာမဟုတ်တော့ဘူး ဒါနဲ့အခု jongin နာမည်က????"

"Kai kim kai"

"Kris မင်းငါ့ကို သူ့အကြောင်းစုံစမ်းပေးနိုင်မလား "

"Luhan မင်းဘာလုပ်ဦးမလို့လဲ တခေါက်ဆိုတော်လောက်ပီ နောက်တခေါက်ဆိုရင် သေမှာ jongin မဟုတ်ဘူး မင်းညီ kyungsoo ဖြစ်သွားမယ်"

"ဘာပဲဖြစ်ဖြစ် သူပြန်ပေါ်လာတာကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး ငါ့ညီအတွက် ငါလုပ်စရာရှိတာတော့လုပ်ထားရမယ် "

"Luhan ငါစုံစမ်းတာက စုံစမ်းပေးနိုင်တယ်
မင်းရဲ့စိတ်ကိုလည်း ငါနားလည်ပါတယ် မင်းတခုခုလုပ်မယ်ဆိုတိုင်း မင်းညီ kyungsoo ကိုသတိရပါ ငါသွားမယ် စုံစမ်းပီးရင် ဖုန်းဆက်လိုက်မယ်"
"ငါဒီ၁ရက်၂ရက်အတွင်း ငါသိချင်တယ် kris "
"အေးပါ"

Luhan အိပ်မောကျနေသော kyungsoo နားကပ်သွားကာ နဖူးပေါ်မှ ဆံပင်အချို့ကို သပ်တင်ပေးရင်း

"Kyungie.....kyungie ကဘဲHyung ကိုနားလည်ပေးပါ
Hyung အခုလုပ်နေတာက kyungie အတွက်ဆိုတာ kyungie သိထားပေးပါ Hyung ချစ်ရတဲ့သူတွေကို
နောက်ထပ်မဆုံးရှုံးစေချင်လို့ပါ "

&&&&&&&&&&&&&&

^^Jongya...မသွားပါနဲ့ jong hyung တောင်းပန်ပါတယ် မသွားပါနဲ့ကွာ Jong
Jong.....JONG!!!!^^

အော်သံနှင့်အတူ နိုးထလာသော Kyungsoo
တကိုယ်လုံးလဲချွေးတွေရွှဲလို့

"Kyungie ဘာဖြစ်တာလဲ hyung ကိုပြောလေ
Hyung ဘာလုပ်ပေးရမလဲ စိတ်ကိုအေးအေးထားနော်"

"Hyung ကျွန်တော် jong ကိုတွေ့လိုက်တယ် jong အခုဘယ်မှာလဲဟင် jong ရော... သူအောက်ထပ်မှာလား သူ့ကို ခေါ်ပေးပါနော် jong ရေ jong....
သူအိပ်နေလို့လား ကျွန်တော်သွားခေါ်လိုက်ဦးမယ်"

I FOUND U [Completed]Read this story for FREE!