ညတစ်ညဟာ အနည်းငယ် ရင့်ကျက်လာတော့…
သူ့ဝသီအတိုင်း တိတ်ဆိတ်စပြုလာတယ်…ဖာသိဖာသာ ဆိတ်ငြိမ်မှုမှာ ကျွန်တော် ကျေနပ်မိစွာနဲ့ အခန်းမီးကိုမှိတ်…စာကြည့်စားပွဲ မီးအိမ် ဝါကျင့်ကျင့်လေးကိုပဲ အနည်းငယ်ပိုပြီး တောက်ပလာအောင် ချိန်ညှိလိုက်တယ်…
စားပွဲပေါ်မှာတော့…ညနေကမှ……
အံဆွဲရဲ့…ဟိုးအောက်ဆုံးကနေ ပြန်ရှာပြီး ထုတ်ယူထားခဲ့တဲ့…ဒိုင်ယာရီစာအုပ်လေးတစ်အုပ်ဒိုင်ယာရီ…
ဒိုင်ယာရီတွေကို ကျွန်တော် ချစ်တယ်…
သူတို့တွေဟာ…လှပတဲ့ အမှတ်တရတွေကို သိမ်းဆည်းထားပေးဖို့ တတ်နိုင်သလို…
ဝမ်းနည်းဖွယ် နာကျင်မှုတွေကိုလည်း…
စကားလုံးတွေအဖြစ် ပြောင်းလဲပြီး စာမျက်နှာတွေထက် ခပ်ရေးရေး အတိတ်တစ်ခုအဖြစ် ချန်ထားရစ်ဖို့
ကျွန်တော်တို့ကို အခွင့်အရေး ပေးတယ်လေ…ဒိုင်ယာရီတွေမှာ…
အနာဂတ်ကို ကြိုမမြင်နိုင်တဲ့ လူသားတစ်ယောက်ရဲ့
ခပ်ကြောင်ကြောင် မျှော်လင့်ချက်တွေ…ပစ္စုပ္ပန်နဲ့ ကင်းကွာလွန်းနေပြီဖြစ်တဲ့…
တစ်ချိန်က ရင်ကို အကဲဆတ် ထိခတ်ခဲ့မှုတွေ…
ပျောက်ကွယ်သွားပြီဖြစ်တဲ့ ပက်သက်ဆက်နွယ်မှုတစ်ချို့တစ်လေ
အစဉ်အမြဲ…ရှင်သန်နေကြတယ်တစ်ခါတစ်ခါ ရင်နာစရာကောင်းတယ်…
တစ်ခါတစ်လေတော့လည်း ရင်နင့်ဖို့ ကောင်းသလို တစ်ခါတစ်ရံ ကျပြန်တော့လည်း ဟာသဆန်ပြန်တယ်…ဟုတ်တယ်…ကျွန်တော် သေချာတယ်…
တစ်ခါတစ်ရံ အခြားလူတစ်ယောက်ရဲ့…
ခံစားချက်တွေကို စုံစမ်းထောက်လှမ်း
နေရတာထက်…ကိုယ်ကိုယ်တိုင်ရဲ့…ခံစားချက်တွေကို ပြန်လည်သိမြင်တာ ကိုယ့်ကိုကိုယ်
ထိန်းကျောင်းနိုင်ဖို့ အထောက်အကူဖြစ်စေတဲ့ လမ်းကြောင်းတစ်ခု အစပါ…အဲဒီအတွက်ကြောင့် ကျွန်တော့်မှာ ဒိုင်ယာရီတွေကို တမ်းတမ်းတတ မက်မက်မောမော ပြန်ဖတ်တတ်တဲ့ အကျင့်တစ်ခုရှိတယ်…
အတိတ်စာမျက်နှာတွေကို ပြန်လှန်မိတိုင်း
ကျွန်တော်ဟာ တကယ်ပဲ ဒီလိုလူမျိုးလားလို့ အံ့အားတသင့်တွေးမိတတ်သလို…
YOU ARE READING
အချစ်ကို ဦးစွာပေးအပ်ခဲ့မိသော
ספרות חובביםပီပြင်ပါစေ...အပြုံးတစ်ခု... တစ်ခါက ချစ်ရသူအတွက်~