Part-1

6.5K 374 0

X.OX.O X.OX.O နှိုးစက်သံကြောင့် နိုးထလာသော ကောင်လေး ၁ယောက်

အဖြူအမဲများနှင့်သာတန်ဆာဆင်ထားသော
အခန်းကြီးအလယ်၌ King sizeကုတင် ၁လုံး
စားပွဲ၁ခု နှင့် နံရံကပ်ဘီဒိုများ
ရှေးခေတ်ဆန်ဆန်ပြတင်းပေါက်ကြီး၁ပေါက်နှင့်
ရိုးစင်းစွာ ဖွဲ့စည်း ထားသည်

ကုတင်ပေါ်မှနိုးထလာသောကောင်လေးတနည်းအားဖြင့်ဖြူလွန်းသောအသားအရေ နိုးနိုးချင်းကြောင့်
အနဲငယ်ရှုပ်ပွနေသောဆံပင်
မဲနက်သောမျက်ခုံး အနဲငယ်ပြူးနေသောမျက်လုံး
ဖြောင့်စင်းနေသော နှာတံ ရယ်လျှင်ထွက်ပေါ်လာသော အသည်းပုံနှုတ်ခမ်းတို့ကြောင့် အထက်တန်းကျောင်းသားလောက်သာ ရှိသည်ဟုထင်ရသည်

"သခင်လေး ကျွန်တော် အိမ်တော်ထိန်းပါ"

"Nae ဝင်ခဲ့ပါ Argyishi"

"Nae သခင်လေး
သခင်လေး အလုပ်သွားဖို့အတွက် အဆင့်သင့်ဖြစ်နေပါပီ နေ့လည်ကျရင် ရှယ်ယာရှင် အစည်းအဝေးရှိပါတယ်"

"Nae .. ကျွန်တော်ပီးရင် ဆင်းခဲ့မယ်"

ရေချိုးခန်းကိုလည်း ကြွေထည်များ ဖြင့်သာ ဖန်တီးထားသည်
မျက်နှာသစ်ရင်း ကိုယ့်ကို ကိုယ်ကြည့်ကာ ရီမိသည်

**ကျွန်တော့် နာမည်က Do Kyungsoo ကျွန်တော်ပုံစံက အရပ်ကလည်းပု လူကောင်ကလည်းသေးတော့ အသက်၁၈ ၁၉အရွယ် အထက်တန်းကျောင်းသားလို့တောင်ထင်ရတယ်

ဘယ်သူသိမှာလည်း ကျွန်တော့်အသက်က ရာစုနှစ်နဲ့ချီနေပီဆိုတာ အတိအကျပြောရရင် ၄၉၉နှစ် ဂျိုဆွန်းခေတ် ကတည်းကပေါ့
ပစ္စည်းအသုံးအဆောင်တွေ အဝတ်အစားတွေ ခေတ်နဲ့အမျှတိုးတက်လာတဲ့အရာတွေ ကုန်ကုန်ပြောရရင် ကျွန်တော်အသုံးမပြုဘူး တဲ့အရာတွေက မရှိသလောက်ဘဲဆိုတာ

ဘယ်သူသိမှာလည်း ကျွန်တော့်မှာစည်းစိမ်တွေ တောင်ပုံရာပုံဖြစ်နေတာကို

ဘယ်သူသိမှာလည်း ကျွန်တော် က ရက်စက်တက်တဲ့လူတယောက်ဆိုတာကို

ဘယ်သူသိမှာလည်း ကျွန်တော်အသက်ရှင်နေတာ သူ့အတွက်ဆိုတာကို

ဘယ်သူသိမှာလည်း ကျွန်တော့ ရဲ့အတ္တတွေကြောင့်သူ့ကို ကျွန်တော်ကိုယ်တိုင်သတ်ခဲ့တယ်ဆိုတာကို

ဘယ်သူသိမှာလည်း ကျွန်တော်အမှားတွေကိုပြန်ပေးဆပ်ဖို့ သူ့ကို နှစ်ပေါင်းများစွာလိုက်ရှာနေခဲ့တယ်ဆိုတာ

ဘယ်သူသိမှာလည်း ကျွန်တော့ရဲ့အမှားတွေကြောင့် ကျွန်တော်နောင်တတွေ တပွေ့ကြီးနဲ့ အဆုံးမရှိတဲ့ ဒီကမ္ဘာပေါ်မှာ အသက်ရှင်နေရတာကို

ဘယ်သူသိမှာလည်း ကျွန်တော်ဆိုတဲ့ Do Kyungsooဆိုတာ သူတပါးရဲ့သွေးနဲ့အသက်ဆက်နေရတဲ့ vampireတကောင် ဆိုတာ**

♢♡♢♡♢♡♢♡♢♡♢♡♢♡♢♡♢♡♢
Author 'Note

ဒါက အနော့်ရဲ့ ပထမ ဦးဆုံးFicပါ ကျနော်ကို အကြံပြုပေးကြပါ အရေးအသားတွေက ပေါက်ကရတွေဖြစ်ရင်လည်း ဖြည့်စွက်ပီးဖတ်ပေးကြပါ စစဦးဆုံး ဆိုတော့ နဲနဲတော့ ချာပါတယ် နောက်ဆိုပိုဆိုးတယ် ဟီးဟီး comment တွေလည်း ပေးကြပါ အကြံပြုပေးပါ

Saranghae
We are one .
Forever Exo -L(90°bow)

I FOUND U [Completed]Read this story for FREE!