အခန်း (၁) - အတိတ်​ပုံပြင်​(နိဒါန်း)

7.1K 432 54
                                    

Unicode ‼️

"ကိုယ်တောင်းပန်ပါတယ် ...
မသွားပါနဲ့ ... ဆုယောင်း...(နော်)...
ကိုယ့်ကိုထားခဲ့ပြီး မသွားပါနဲ့ ..."

"မဟုတ်ဘူးလေ... မဟုတ်ဘူး ...အဲ့လိုထားသွားဖို့မဟုတ်ဘူး ..."

"ဟင့်အင်း... မသွားရဘူး ... ဆုယောင်း ....
ဆုယောင်း ...."

"ဟန်ဆုယောင်း......."

အိပ်ပျော်နေရာကနေ အိမ်မက်ဆိုးမက်ပြီး အသည်းအသန် အော်ဟစ်တားဆီးလိုက်မိတဲ့ အသံလေးက တိတ်ဆိတ်နေတဲ့ ညချမ်းလေးမှာ ရုတ်တရက်ထွက်ပေါ်လာကာ ဆိတ်ငြိမ်ခြင်းအားလုံးကို ဖြိုခွင်းလိုက်သည်။

ထိုအော်​သံကြားပြီး ၎င်းအသံပိုင်ရှင်လေးရဲ့ ဘေးရှိကုတင်ဝယ် အိပ်မောကျနေသည့် ဂျောင်ကု ဆိုတဲ့ ကောင်လေးကပါ အလန့်​တကြားနဲ့ နိုးလာတယ်​။

"ဂျီမင်း .. ဘာဖြစ်လို့လဲ ... ဂျီမင်း သတိထားပါဦး"

ဂျီမင်းရဲ့ ကိုယ်လုံးလေးအား လှုပ်နှိုးရင်း သတိကပ်ကာ ရုပ်နဲ့ နာမ်တွဲကပ်သွားအောင် လုပ်ဆောင်လိုက်တော့ ဝူးဝူးဝါးဝါး အော်နေရှာတဲ့ ဂျီမင်းလေး မျက်လုံး အသာပွင့်လာကာ အိမ်မက်ကနေ နိုးထသွားရှာသည်။

"အိမ်​မက်​ဆိုးတွေ မက်နေတာလား ?"

ငေါက်ကနဲ ထထိုင်လိုက်နိုင်ပါသော်လည်း ဂျောင်ကုရဲ့ အမေးစကားကို မဖြေနိုင်သေးဘဲ ခုထိ​မော​နေတုန်းမို့ စကား​ပြောနိုင်​ဖို့​ဖြေး​ဖြေးချင်းအားယူနေမိသည်။ ထိုအတူ ရင်ဘတ်ကြီးတစ်ခုလုံး ဆွဲဆုတ်ဖြဲခံလိုက်ရသလို နာကျင်မှုအပြည့်ဖြင့်။

"​ရေ​သောက်​လိုက်​ပါဦး ဂျီမင်း ... ရော့..."

"ဒါနဲ့ ဘာအိမ်​မက်​တွေ မက်​လို့လဲ ? ဟန်ဆုယောင်းဆိုတဲ့ နာမည်ခေါ်သံကို အတိုင်းသားကြားလိုက်ရတာဆိုတော့ ကြည့်ရတာ ဂျီမင်း မက်​နေကျ ငယ်​ချစ်​ဦးအ​ကြောင်းပဲလား ?"

ဂျောင်ကုကမ်းလာတဲ့ ရေခွက်ကို လက်လှမ်းယူပြီး ရေ​အေး​အေး​လေးတစ်​ခွက်​သောက်​လိုက်​ရမှပဲ . . လန်းဆန်းလာပြီး ခံစား​နေရတဲ့ စိတ်​က အနည်းငယ်လျော့ပါးသွားတယ်​...။

အဲ့ဒီ​တော့မှပဲ ရေခွက်ကမ်းရင်းနဲ့ တဆက်တည်း ဂျောင်ကု မေးလာတဲ့ အမေးအား စိတ်လိုအားရ ဖြေလိုက်မိတော့သည်။

အချစ်ဦးသည်သာWhere stories live. Discover now