Intro - အချစ်​ဦး❣️

12.4K 528 71
                                    

Unicode‼️

"အချစ်​ဦးသည်​သာ .... သည်းဦးပန်း !!!
အချစ်​ဦးကို​မြေးဦးရတဲ့အထိ မ​မေ့ဘူးဆို ..."

အချစ်​ဦး နဲ့ ပက်​သက်​ပြီး ဖွဲ့နွဲ့တင်​စားခဲ့ကြတဲ့
စာသား​တွေ စကားပုံ​တွေ ကဗျာ​တွေဟာ
တကယ့်​အဖြစ်​အပျက်​အမှန်​တွေ
ခံစားချက်​အစစ်​အမှန်​တွေကို
အရင်းခံပြီး ဖြစ်​တည်​လာခဲ့တာပါ။

တကယ်တမ်း အချစ်​ဦးဆိုတာ ဘ၀မှာ
ပထမဆုံးနဲ့ အဦးဆုံးအနေဖြင့် ဖြစ်​တည်​လာခဲ့တဲ့ အချစ်​ဆို​တော့လဲ ....။

"အချစ်​ဦးကို ဘယ်​တော့မှ​မေ့နိုင်မှာ မဟုတ်​ပါဘူး"

သင်​ရော ?
အချစ်​ဦးနဲ့ ပက်​သက်​ပြီး
အမှတ်​တရ​တွေ ၊  ခံစားချက်​တွေ ၊
လွမ်းဆွတ်​တမ်းတမှု​တွေ ရှိလား ?

တိုက်​ဆိုင်​မှု​တွေရှိခဲ့ရင်​ရော
ပြန်လည်တမ်းတ သတိရ​နေဦးမှာလား ?

တကယ်​တော့ အချစ်​ဦးဆိုတာ ...

ဟန်ဆုယောင်း (You/reader) :

ကျွန်​မ အတွက်​တော့
ကျွန်​မ သိပ်​ချစ်​ခဲ့ရတဲ့
ကျွန်မရဲ့အချစ်​ဦးသူသည်​သာလျှင်​
ကျွန်​မ ဘဝ...
ကျွန်​မ ကမ္ဘာ...
ကျွန်​မရဲ့ အရာရာပါ !

သူ့​နေရာမှာ ဘယ်​သူ့ကိုမှ အစားမထိုးနိုင်​ပါဘူး။

ခုချိန်​မှာ​တော့ ကျွန်​မတို့ နှစ်​ယောက်​
တစ်​မြေထဲ တစ်​ရေထဲ တစ်​နေရာထဲ
မဟုတ်​တော့​ပေမဲ့ ဟိုးတုန်းက
အတူတူရှိခဲ့ဖူးတဲ့ အချိန်​တိုင်း​၊  နေရာတိုင်း၊
အမှတ်​တရတိုင်းဟာ နှလုံးသားထဲမှာ​
ဖျောက်​ဖျက်​မရနိုင်​အောင်​စွဲထင်​နေဆဲပါ
အချစ်​ဦးသူရယ်​ ....။

••:•:•:•:•••

ပတ်ဂျီမင်း (BTS Member/Idol) :

ကျွန်​တော့်​အတွက်​တော့
ကျွန်​တော်​ရဲ့ အချစ်​ဦးဆိုတာ
နောက်ထပ်အစားထိုးမရနိုင်​တော့တဲ့ ...
ဒီကမ္ဘာ​ပေါ်မှာ နှစ်​ယောက်​မရှိတဲ့ ...
ဘယ်အရာနဲ့မှ တန်​ဖိုးမဖြတ်​နိုင်​တဲ့ ....
ကျွန်​တော်​အချစ်​ရဆုံးသူပါ ။

ခုချိန်​မှာ Idol တစ်​ယောက်​ဖြစ်​တဲ့
ကျွန်​တော့်​အနားမှာ ရစ်ဝဲနေသူ မိန်းမ​ချော​လေး​တွေ အများကြီးရှိ​နေ​ပေမယ့်
တစ်​ချိန်​က ကျွန်​တော်​ချစ်​မြတ်​နိုးခဲ့ဖူးတဲ့၊
အခု​တော့ ကျွန်​တော်​ရဲ့ အ​ဝေးတစ်​နိုင်​ငံမှာ
ရှိ​နေမယ့်. . . .သူမကိုသာ. . .
စွဲလန်းတမ်းတ​ မျှော်လင့်နေမိဆဲဆိုတာ
ယုံကြည်​ပေးပါ ကိုယ့်​အချစ်​ဦးရယ်​ ။

အချစ်ဦးသည်သာWhere stories live. Discover now