Episode - 12(Now u r my Shadow)

4.7K 371 13
                                    

Zawgyi

အပ်​ကျသံကြား​လောက်​အောင်
တိတ်​ဆိတ်​တယ်​ဆိုတာ..အခုလိုအ​ခြေအ​နေမျိုးကို​ခေါ်တာထင်​ပါရဲ့..

တ​ယောက်​ရဲ့အသက်​ရှုသံကိုပင်​..
တ​ယောက်​ကြား​လောက်​​အောင်​..
တိတ်​ဆိတ်​​နေ​သော..အ​နေအထားတခုတွင်​..သူ ​ရော
TAO ပါရှိ​နေကြသည်​..

ယခင်​ ၂​ယောက်​အတူ..ထိုင်​သည့်​..
စိမ်းပြာ​ရောင်​..၂​ယောက်​ထိုင်​ဆိုဖာ​ပေါ်တွင်​..Tao တ​ယောက်​တည်း..ထိုင်​​နေပီး..
မျက်​နှာချင်း..ဆိုင်​..တွင်​..ရှိသည့်
ဧည့်​သည်​အတွက်​သီးသန့်​ထားထား​သော...တ​ယောက်​ထိုင်​ ထိုင်​ခုံတွင်​​တော့..
သူ..ထိုင်​​နေသည်​..​လေ

ကိုယ်​ခန္ဓာ ​တေကသာ...
ငြိမ်​သက်​​နေကြ​ပေမဲ့....
အတွင်းစိတ်​​ထဲမှာ​တော့....တည်​ငြိမ်​မှုမရှိခြင်းကို....၂​ဦးလုံး၏အသက်​ရှုသံပြင်းပြင်း​တေက​ဖော်​ပြ​နေကြသည်​..

နှုတ်​ခမ်းကိုတင်းတင်း​စေ့ကာ..
နီပီး​ဖောင်းအစ်​​နေ​သော...
မျက်​ဝန်း​တေကို....
အဓိပ္ပါယ်​ မဲ့...မိုးပြာရောင်​နံရံဆီအကြည့်​​တေပို့ထားသည့်​...Tao ကို​ငေးကြည့်​ရင်း...
သူ့.....စိတ်​ထဲ..
အပြစ်​ရှိသလိုခံစားချက်​က....ပိုမိုကြီးထွားလာသည်​...

ပင့်​သက်​တချက်​ရှိုက်​လိုက်​ကာ...
လက်​​ချောင်းအချင်းချင်း...
ယှက်​သွယ်​ထားသည်​ကိုဖြုတ်​လိုက်​ပီး...
Tao ရှိရာကို..ထသွားရန်​ပြင်​လိုက်​စဉ်​...

***ဘာလို့လဲ***

ရုတ်​ခြည်းထထွက်​လာတဲ့...
ကောင်​​လေးရဲ့​လေသံကပုံမှန်​မဟုတ်​...
အက်​ကွဲ​နေကာ...တုန်​ယင်​မှု​တေများပြားလွန်း​နေခဲ့သည်​ကို..
သူခံစားမိသည်​..

Tao စကား၏ အဓိပ္ပါယ်​ ကို......
နားမလည်​​သော​ကြောင့်​..
သူ လှုပ်​ရှားမှု တို့ကိုရပ်​တန့်​လိုက်​ပီး..
အ​ဝေးတ​နေရာကိုပို့ထားဆဲဖြစ်​သည့်
Tao မျက်​ဝန်းနက်​နက်​​လေး​တေကိုသာ..
ငေးကြည့်​​နေမိသည်​..

***ဘာလို့...ဘာလို့...ကျ​နော့ကိုမှလဲ?
ဒီ​လောက်​ လူ​တေအများကြီးထဲကမှ..
ဘာလို့ကျ​နော့ကိုမှ...​ရွေးပီး..
ဒုက္ခ ​ပေးရတာလဲ?***

ShaDow { Complete } Z+UWhere stories live. Discover now