part-1

27.8K 1.3K 12
                                    

Unfair**

7:00 AM ဆိုတဲ့ မနက်ခင်းအခြေအနေ
ဆောင်းဦးရာသီ ဝင်စအချိန်ဆိုသည့်အလျောက် သိမ့်သိမ့်လေးအေးမြနေတဲ့ရာသီ၌ Seoulမြို့ရဲ့ရပ်ကွက် လမ်းလေးတွင် စက်ဘီးလေးတစ်စင်းမြူလျလျကြားလေးမှတရိပ်ရိပ်
လူချမ်းသာရပ်ကွက်ဖြစ်တာကြောင့် ကိုယ်ပိုင်ခြံဝန်းကျယ်ကြီးများက စနစ်တကျတသီးတသန့်နေရာယူလျက်လမ်းကလည်းဖြောင့်ဖြူးချောမွေ့နေတာမဆန်းလှ
လမ်းပေါ်ကစက်ဘီးလေးကလည်းတရွေ့ရွေ့
အဖြူရောင်စွတ်စွတ်ဆွယ်တာလက်ရှည်ခပ်ပွပွလေးကို ဒူးအောက်ရှိတဲ့ဂျင်းပြာလေးနဲ့တွဲဝတ်ထားတဲ့ထိုစက်ဘီးကိုစီးနေတဲ့သူ စက်ဘီးစီးနေတာမို့ကွေးထားရတဲ့ခြေထောက်တွေကြောင့် ဒူးအထက်ပေါင်သားလေးတွေကအစ ခြေသလုံးသွယ်သွယ်လေးတွေကပါအထင်းသား
အထင်ရှားဆုံးသောရွှေအိုရောင်ဆံပင်တွေကလည်းဘီးစီးနေတဲ့အရှိန်ကြောင့် လေနှင့်အတူ မျက်လုံးကိုဖုံးတာကဖုံး အပေါ်ကိုလှန်တာကလှန် ခပ်ရှုပ်ရှုပ်ပုံစံဖြစ်လျက် ချမ်းတာမို့ရှူးရှူးရှဲရှဲလည်းဖြစ်နေသေးသည်

ထိုစက်ဘီးနောက်မှ ပြိုင်ကားပြာလေးတစ်စင်းကလည်းလိုက်လာပြီး မလှမ်းမကမ်းရောက်တော့ ကားကရပ်ကာ လူတစ်ယောက်ဆင်းလာလျက်ထိုလူက ဘီးနောက်ပြေးလိုက်သည်
မှီသွားတာနဲ့တပြိုင်နက် ကားပေါ်ကဆင်းလာသူက စက်ဘီးရဲ့နောက်ကcarrierခုံကိုလက်တစ်ဖက်နှင့်ဆွဲကာ တစ်ဖက်ကဘီးစီးနေတဲ့သူကိုခါးကနေဆွဲပြီးနောက်ပြန်ပွေ့လိုက်တော့ ဘီးပေါ်ကခပ်သေးသေးကောင်လေး ရွှေအိုရောင်ဆံပင်ပိုင်ရှင်လေးခြေထောက်နှစ်ချောင်းလေပေါ်မြောက်ကာပါသွားတော့သည်

စက်ဘီးလေးလည်းလဲ

ပွေ့ခံရတဲ့ကောင်လေးလည်းရုန်းရင်းတွန်းရင်းပါ
ကောင်လေး ရုန်းသော်လည်း တွန်းနေသော်လည်း ရင်ခွင်ကြီးတစ်ခုကို မျက်စိစုံမှိတ်လျက်ထုနေပါသော်လည်း တစ်ဖက်ကသူကတော့ အထုခံပြီးကို အမြတ်တနိုးတယုတယထွေးပွေ့ထားတာပါ ထိုမျှမကရွှေရောင်ဆံပင်တွေနဲ့အပြိုင်ဝင်းပဖြူဥနေတဲ့လည်တိုင်စင်းစင်းတွေကိုတောင်အားပါးတရနမ်းရှိုက်လိုက်ပြန်သည်

အင့် ဟင့်~~~~~

မလွတ်မြောက်ပါပဲ ခြေကုန်လက်ပန်းတောင်ကျလာပြီ
အင့် အင့် ဟင့်~~~~

UnfairWhere stories live. Discover now