#ထားဂတ်ကုဋေ
Trisha Thaezar ...
သူ့ရည်းစားဟောင်း နာမည်က ဒါပေါ့လေ။
သူမ ကုတင်ပေါ်မှာ လှဲနေရင်း အင်တာနက်ပေါ်က သူနဲ့ ထရီရှာတို့ရဲ့ ဓာတ်ပုံတွေကို လိုက်ကြည့်နေမိသည်။
သူတို့နှစ်ယောက်ရဲ့ သိပ်ကို ချိုမြိန်လွန်းတဲ့ ပုံတွေကို ကြည့်ရတာ သူမ စိတ်ထဲမှာ တစ်မျိုးကြီးခံစားရသည်။
သူက ထရီရှာ့ကို သူ့ရဲ့ ကမ္ဘာကြီးလိုမျိုး တန်ဖိုးထားပြီး ကြည့်နေတဲ့ပုံက တကယ့်ကို ပျော်ရွှင်နေတဲ့ မင်းသားလေးတစ်ပါးအတိုင်းပင်။
သူတို့နှစ်ယောက်ဟာ ပါရီ၊ ဘာလီ၊ မော်လ်ဒိုက်နဲ့ ဂရိ အစရှိတဲ့ ကမ္ဘာတစ်ဝှမ်းက ရိုမန်းတစ်ဆန်တဲ့ နေရာတော်တော်များများကို အတူတူ သွားခဲ့ကြသည်။
လေးနှစ်တာ ကာလပတ်လုံး သူတိုက တကယ့် လင်မယားတွေလိုပဲ အမြဲတမ်း ဟန်းနီးမွန်းထွက်နေခဲ့ကြတာပေါ့။
သူတို့ တကယ်ပဲ လမ်းခွဲလိုက်ကြပြီလား?
သူမတော့ မထင်ပါ။
လွန်ခဲ့တဲ့ သုံးလလောက်က Barမှာ သူနမ်းနေခဲ့တဲ့ မိန်းကလေးက ဒီမိန်းကလေးပဲလေ။
တကယ်လို့ သူတို့ ပြတ်သွားတာ မှန်တယ်ဆိုရင် ဘာလို့ သူက ထရစ်ရှာနဲ့ အခုထိ တွဲနေရသေးတာလဲ။
ထရီရှာ့ရဲ့ အင်စတာဂရမ် (Instagram) ကို ရှာကြည့်လိုက်တော့ သူမရဲ့ ပိုစ့်တွေထဲမှာ သူနဲ့ ရိုက်ထားတဲ့ပုံတွေ အများကြီး ရှိနေသေးတာကို တွေ့ရသည်။
သူမ ဖုန်းကို ချလိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။
ထရစ်ရှာကတော့ သူ့ကို အခုထိ ချစ်နေတုန်းပဲဆိုတာ သူမသေချာသိသွားခဲ့သည်
ဒါနဲ့... သူမက ဘာလို့ ဒီလောက်တောင် စိတ်အနှောင့်အယှက် ဖြစ်နေရတာလဲ။
သူက ထရီရှာ့ကို ချစ်နေသေးတယ်ဆိုတဲ့ အသိက ဘာလို့ သူမကို ဒီလောက်ထိ နေရထိုင်ရ ခက်စေတာလဲ။
သဝန်တိုနေတာလား? မဟုတ်တာ! သူမ ကိုယ့်ဘာကိုယ် ချက်ချင်း ငြင်းလိုက်မိသည်။
သူမက ဘာလို့ သဝန်တိုရမှာလဲ။
သူ့ကို လက်ထပ်ထားရုံနဲ့ သူ့အပေါ် ပိုင်စိုးပိုင်နင်း လုပ်ပိုင်ခွင့်ရှိတယ်လို့ ခံစားနေရတာလား။
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
