Chapter -14

275 10 1
                                        

Chapter _14

#ထားဂတ်ကုဋေ

"နောက်တစ်ခါ ထပ်ပြီးတော့လား..."

သူမစိတ်ပျက်လက်ပျက်နဲ့

"ထားဂတ် ရှင့်နဲ့ တစ်ခန်းထဲအတူမနေချင်ဘူး၊ အထူးသဖြင့် ကုတင်တစ်ခုတည်းမှာ အတူအိပ်ဖို့ကတော့ လုံးဝပဲ"

"ယုံလိုက်ပါ၊ ကိုယ်လည်း မင်းနဲ့ ထပ်တူပါပဲ"

သူက မျက်မှောင်ကြီးကြုတ်ပြီး ပြန်ပြောသည်

"ပြီးခဲ့တဲ့တစ်ခေါက်က မင်းက ကိုယ့်ဘက်ကို လှိမ့်လာပြီး ကိုယ့်ကို အိပ်ရေးပျက်အောင် လုပ်ခဲ့တာလေ။

ကိုယ့်မှာလည်း အလုပ်တွေ ပါလာတာမို့လို့ ကိုယ်ပိုင်လွတ်လပ်ခွင့် လိုအပ်တယ်။

ဒါပေမဲ့ ကိုယ်တို့မှာ ရွေးချယ်စရာ မရှိဘူး။
မစ္စတာချန်ဂလီတို့က ကိုယ့်မေမေရဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်နေလို့ပဲ"

"ဒါဆို အခန်းအတူနေရုံတင်မကဘဲ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေကြသလိုမျိုးပါ ဟန်ဆောင်ရမယ်လို့ ပြောတာလား?"

"အတိအကျပဲ။ ကိုယ်တို့က ဟန်းနီးမွန်းထွက်လာတဲ့ ဇနီးမောင်နှံတွေလေ၊ အဲဒီအတိုင်းပဲ နေရမှာပေါ့"

"ဟင်း... ထားဂတ်တော့ ဒါကို မလုပ်ချင်ဘူး"

သူမက သူ့ကို မကြည်ကြည့် ကြည့်လိုက်သည်။

"ရှင် ဒီအခြေအနေကို အခွင့်ကောင်းယူပြီး တစ်ခုခု လုပ်မယ်ဆိုတာ ထားဂတ် သိနေတယ်"

"ကိုယ်ကလား?"

သူက လှောင်ရယ် ရယ်လိုက်သည်။

"တကယ်လား? ပြီးခဲ့တဲ့တစ်ခေါက် အိပ်ရာထဲမှာ အတူရှိနေတုန်းက ကိုယ့်ကို အခွင့်ကောင်းယူခဲ့တာ မင်းပဲမဟုတ်လား"

"ထားဂတ် မယူပါဘူး! အဲဒီတုန်းက ထားဂတ် အိပ်ပျော်နေတာ"
ဟုပြောရင်း သူမက ခေါင်းအုံးနဲ့ သူ့ကို လှမ်းထုလိုက်သည်။

"ထားဂတ် ရှင့်ကို မကြိုက်ဘူး ၊ ဒါကြောင့် လျှောက်ပြီး စိတ်ကူးယဉ်မနေနဲ့"

"အင်းပါ၊ ကိုယ်လည်း မင်းကို မကြိုက်တာ တူတူပါပဲ"

ပြောပြီး သူက ကြမ်းပြင်ပေါ်က ခေါင်းအုံးကို ကောက်ကာ ဆိုဖာပေါ် ပြန်တင်လိုက်သည်။

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now