Chapter _13
# မာန်ဝင့်ထည်ဝါ
ထားဂတ်က ကျွန်တော့်အတွက်တော့ တကယ့်ကို တွန်းလှန်ရခက်တဲ့ ဆွဲဆောင်မှုတစ်ခုပိုင်ဆိုင်ထားသူပင်
သူမရဲ့ ညည်းညူသံနဲ့အတူ ပါးလွှာတဲ့ အင်္ကျီအောက်ကနေ ထင်ထင်ရှားရှား ပေါ်လွင်နေတဲ့ သူမရဲ့ ရင်သားပြည့်ပြည့်ဖောင်းဖောင်းအလှတွေကို မြင်လိုက်ရတာက မာန့်ကို ရင်တုန်ပန်းတုန် ဖြစ်စေသည်
သူမအပေါ် ထားရှိတဲ့ မာန့်ရဲ့ ပြင်းပြတဲ့ ခံစားချက်တွေဟာ လေထုထဲမှာ လျှပ်စစ်ဓာတ်လိုက် ခံရသလိုမျိုး တဖျတ်ဖျတ် တုန်ခါနေသလို ခံစားရသည်။
ကုတင်ပေါ်မှာ အိပ်နေတဲ့ သူမရဲ့ လှပတဲ့ ကောက်ကြောင်းအချိုးအစားကို ငေးကြည့်ရင်း မာန့်တစ်ကိုယ်လုံးဟာ ကျောက်ရုပ်တစ်ရုပ်လို တောင့်တင်းနေခဲ့သည်။
"အင်း... အခုတော့ ဗိုက်ဆာလာပြီ"
သူမအိပ်နေရာက ထထိုင်လိုက်ပြီး နောက်မှီကို မှီလိုက်သည်။
"ရှင်ကော ဘယ်လိုလဲ?"
မာန့်ရဲ့ အကြည့်တွေက သူမရဲ့ နှုတ်ခမ်းဆီကိုပဲ စိုက်ကြည့်နေမိသည်
သူမရဲ့ လျှာဖျားလေးနဲ့ အောက်နှုတ်ခမ်းကို ခပ်ဖွဖွလေး သပ်လိုက်တဲ့ သူမရဲ့အမူအရာလေးကို မာန် အသေးစိတ် လိုက်ကြည့်နေမိသည်
"အင်း... ကိုယ်လည်း ဗိုက်ဆာတယ်။ ဒါပေမဲ့ စားစရာကို ပြောတာမဟုတ်ဘူး"
မာန် အဲဒီလိုလည်း ပြန်ဖြေလိုက်ရော သူမရဲ့ မျက်နှာအမူအရာက ချက်ချင်းဆိုသလို ပြောင်းလဲသွားသည်
သူမက မျက်မှောင်လေးကြုတ်ပြီး နှုတ်ခမ်းလေး စေ့လိုက်တာကိုတွေ့တော့ မာန် သဘောကျမိသည်
မျှော်လင့်ထားတဲ့အတိုင်းပါပဲ... သူမက ခေါင်းအုံးနဲ့ မာန့်ကို လှမ်းထုပြီး အခန်းထဲကနေ ဒေါသတကြီး ထွက်သွားတော့သည်
ထားဂတ်ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ ပတ်သက်လာရင် ဖတ်လို့မရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ။
ညစာစားရင်းနဲ့ သူမရဲ့ အမေအကြောင်း၊ ကျောင်းတက်ခဲ့တဲ့ အကြောင်းတွေနဲ့ UKက သူမရဲ့ လူနေမှုဘဝအကြောင်းတွေကို မာန် စပ်စုကြည့်ပေမဲ့ သူမကတော့ ဘာကိုမှ ဖွင့်မပြောခဲ့ပါ
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
