Chapter _12

301 9 0
                                        


Chapter _12
#ထားဂတ်ကုဋေ

ပျော်ရမလား ဝမ်းနည်းရမလား သူမ မသိပါ ‌
သေချာတာတခုကတော့ UKအကြောင်း သူမမသိပါ

ညစာစားပွဲမှာ ဖိုးဖိုးလိမ်ထားခဲ့သည့်အကြောင်းတွေ အချိန်ကြာရင် သူမေ့သွားလိမ့်မယ်ဟု သူမတွေးခဲ့သည်

သို့သော် ဖိုးဖိုးရဲ့ မေမေ shopping အကြောင်းပါ ထပ်ပြောခဲ့သဖြင့် သူမှတ်မိနေတာ ဖြစ်မည်

"မျက်နှာလည်း မကောင်းပါလား အဆင်ပြေရဲ့လား"

စိုးရိမ်နေတဲ့အသံနဲ့ သူမေးလာသည်

"ထားဂတ်အဆင်ပြေပါတယ်"

သူမသက်ပြင်းရှည်ချပြီး စိတ်လျော့ကာ

"ထားဂတ်တို့ မေမေနဲ့ တွေ့ရမှာ မဟုတ်ဘူး
မနေ့က မေမေဖုန်းဆက်တယ် ဒီနေ့ပြန်လာမယ်"

"လွှဲသွားတာပဲ ကိုယ်က ယက္ခမကြီးကို တွေ့ချင်နေတာ"

မေမေ့ကိုတွေ့ လို့မရတော့တာကြောင့် စိတ်ပျက်သွားတဲ့သူ့ကို သူမနှုတ်ခမ်းလေးတွန့်ရုံ ပြုံးပြကာ မျက်နှာလွှဲလိုက်သည်

"UK ရောက်ရင် သွားစရာနေရာတွေ အများကြီးပဲ အရင်ဦးဆုံး မြို့လျှောက်ပတ်ကြည့်ပြီး မင်းသွားချင်တဲ့ နေရာအကုန်လုံးဝင်ကြမယ်

ပြီးရင် မင်းနေခဲ့တဲ့အိမ်၊ ကျောင်းတက်တုန်းက စားနေကျ ဆိုင်တွေ၊shopping ထွက်တဲ့နေရာတွေ ကိုယ့်ကိုလိုက်ပြနော်

ကိုယ်ကံကောင်းရင်တော့ မင်းသူငယ်ချင်းတွေနဲ့လည်း ‌လမ်းမှာတွေ့နိုင်တာပဲ"

သူ့စကားကြောင့် သူမအထိတ်တလန့်ဖြင့် သူ့ကို လှည့်ကြည့်လိုက်၏

"အဲဒါတွေလုပ်ဖို့ လိုလို့လား"

"လိုတာပေါ့ အဲဒါတွေက ကိုယ်တို့တယောက်အကြောင်းတယောက် ကောင်းကောင်းသိဖို့ အစပဲလေ"

သူပြောတာလည်းမှန်နေသဖြင့် သူမဘာစကားမှ  ပြန်မပြောဘဲ သူ့ကိုသာကြည့်နေလိုက်သည်

"ဉရောပက တခြားနိုင်ငံ‌တွေသွားချင်ရင်လည်း ရတယ်နော် ကိုယ်တို့က EU Visaကိုင်ထားတော့ မင်းတနေ့တည်းနဲ့ ၃နိုင်ငံလောက်လည်ချင်ရင်လည်း  ကိုယ်လိုက်ပို့ပေးမယ် "

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now