(စာမစစ်ထားပါ)
{နတ်ကြက် နှင့် အောက်လမ်းကြက်}
ဒုတိယပိုင်း
”သေစမ်းပါကွာ ငါလိုးတဲ့မှပဲ”
”ကျောင်းကုန်းကြက်ရာဇဝင်ရိုင်းလိုက်လေခြင်းကွာ”
”တောက်...ဒီပွဲမျိုးမှ ရှုံးရတယ်လို့ကွာ”
တစ်ဖက်က ဂိုဏ်းသားတွေကတော့ ကြက်ကိုပွေ့ပြီး ပြုံးပြုံးကြီး ရပ်ကြည့်နေလေရဲ့ ရှုံးတဲ့ကြက်ရဲ့ရွာသားတွေကတော့ အရှုံးကို မခံနိုင်ပဲ ခံတစ်ပြင်းပြင်းတောက်တစ်ခေါက်ခေါက်နဲ့နေလေတယ်။ဒီပွဲကြီးမျိုးကိုရှုံးတော့ သူတို့လည်းခံပြင်းမှာပေါ့လေ စာမနားလည်ပါတယ် ကိုယ့်ရွာကြက်ကောင်းမှန်းသိတော့ ငွေပုံလောင်းကြသည်က ထုံစံပဲလေ။ဒါမဲ့ပွဲကမမျှတဘူးဆိုတာ စာမသိတယ် သူတို့ကြက်ကရိုးရိုးကြက်မှမဟုတ်တာ သူတို့နိုင်မှာပေါ့ ”စာမနဲ့တွေ့ရချည်ရဲ့”လို့သာ စာမစိတ်ထဲတေးထားလိုက်သည်။
”ကဲကဲ ယခုတစ်ခါကတော့ ဒီကဒေါင်းစားကုန်းရွာကကြက်နဲ့ ဒီကနိုင်ထားတဲ့ကြက်နဲ့ ပွဲတည်ထားပါသယ် ခနနေ ပွဲပြန်စမယ်ဟေ့”
အသက်ကြီးကြီးဘကြီးတစ်ယောက်က ကွင်းထဲဝင်ပြီး အသံကျယ်ကျယ်နဲ့ ပွဲတည်ပေးသည်။စာမတို့လည်း ကြက်ကိုကုစရာရှိတာတွေကု သီဟကလည်း ရေတစ်ဖလားလက်ကကိုင်ပြီးနေလေတယ်။ဂွမ်းဂွမ်းကတော့ ကြက်ကိုလက်နှစ်ဖက်နဲ့မြှောက်ပြီး ပါးစပ်နားခေါင်းတည့်ကာ ပါးစပ်ကတစ်တွက်တွက်ရွတ်နေသည်။သူနိုင်မယ်လို့ထင်နေပုံပါပဲ ဘယ်နိုင်လိမ့်မတုန်း ဟိုကအောက်လမ်း ဂိုဏ်းသားတွေလေ ဂွမ်းဂွမ်းကတော့ သူ့ကိုသူ ယုံကြည်မှုပြည့်နေလေရဲ့။ဒါလည်းကောင်းပါတယ် တစ်ချီကိုတော့ သူလုပ်ပ့လေ့စေပေါ့ ။
”ကဲကဲ ကြက်ဆွဲတွေကွင်းထဲဝင်မယ် ကျန်တဲ့လူ စည်းအပြင်မှာပဲနေပေးပါ စည်းထဲဝင်လို့မရပါဘူး လက်ဆွဲသမားတွေလည်း နေရာယူထားပါ ကိုယ့်ကြက် သူ့ကြက်လောင်းကစား ကစားသာပဲ အရှုံးကိုလက်ခံရမယ် အရှုံးကိုလက်မခံတဲ့ဘက်ကယောကျာ်းမဟုတ်လို့ပဲ ဒီကွင်းထဲမှာကယောကျာ်းတွေကြည့်ပဲ အရှုံးကိုလက်ခံရပါမယ်”
YOU ARE READING
ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)
Horror"ရနံ့မပါတဲ့ပန်းလည်း မြတ်နိုးသူလက်ထဲရောက်ရင် မွှေးပါသယ်"
