၁၀

2.9K 151 25
                                        


(စာမစစ်ထားပါ)

{နတ်ကြက် နှင့် အောက်လမ်းကြက်}

အညာဒေသဟာအလွန်အေးချမ်းလွန်းပါတယ် နေ့လည်နေ့ခင်းအချိန်မှာ လူသံသူသံသိပ်မထွက်ပေမယ့် ကျေးငှက်သာသကာအသံတွေဟာ သာယာနာပျော်ဖွယ်ပါပဲ။အညာနွေဟာပူသလို သစ်ရိပ်ဝါးရိပ်တွေဟာ အေးချမ်းလွန်းလှပါတယ် တောရိပ်တောင်ရိပ်ပေါများသလို တစ်ရွာတစ်ရွာ နားခိုရာဇရပ်တွေလည်းပေါများလှသည်။တစ်ရွာအဝင်ဇရပ်တစ်ဆောင်ရှိသလို ရွာအထွက်ဇရပ်တစ်ဆောင်ရှိကြသည်က ရွာတိုင်းလိုလိုပါပဲ ဇရပ်မရှိတဲ့ရွာဆိုရင်တောင် သင်္ချိုုင်းဇရပ်တွေဟာလည်း အေးချမ်းစွာ နားခိုနိုင်ကြတယ်​လေ
။အညာဒေသဇရပ်တွေဟာ ရာဇဝင်တွေရှိသလို အဲဒိ့ရာဇဝင်တွေဟာလည်း သရဲသစ္စေရာဇဝင်တွေ ဘုရားဒကာ ကျောင်းဒကာရာဇဝင်တွေ ပညာသယ်ရာဇဝင်တွေဟာ အပြည့်ပါပဲ။

အခုလည်း စာမတို့ရွာက ရွာအဝင်မှာ ဇရပ်တစ်ဆောင်ရှိသည်။ဒီဇရပ်ရဲ့ရာဇဝင်ကလည်း အဆန်းပဲ။ပြောပြရရင်တော့ အေးမိနဲ့အေးချိုဆိုတဲ့ညီမနှစ်ယောက်ကစရမှာပါပဲ။

တစ်နေ့အေးမိတစ်ယောက် အမကြီးဖြစ်သူအေးချိုနဲ့အတူ ယာထဲဆင်းတဲ့အချိန်မှာ တောလယ်ထွက်တဲ့ နယ်ပိုင်စားသားနဲ့တွေ့ကြပါလေရော အဲဒိ့မှာပဲ နယ်ပိုင်စားသားက အကြီးမဖြစ်သူအေးချိုကိုမြင်မြင်ချင်း ချစ်ကျွမ်းဝင်ခဲ့မိသတဲ့လေ။အမဖြစ်သူအေးချိုကလည်း ညီမဖြစ်သူအေးမိနဲ့ ညီမနှစ်ယောက်တည်းရှိတဲ့ဘဝမို့ သူအိမ်ထောင်ပြုရင် နယ်စားကတော်အဖြစ် နယ်စားသားနောက် လိုက်ရမဲ့အဖြစ်ကိုတွေးပြီး လက်မခံနိုင်ဘူးပေါ့ နယ်စားသားကလည်း အေးချိုမှ အေးချိုဆိုတော့ အေးချိုကို လက်ထက်ထိမ်းမြှားပြီး ဒီဒေါင်းစားကုန်းရွာမှာ အေးချိုတို့ညီအမနဲ့အတူ လာနေခဲ့သတဲ့လေ။ဒီလိုပေါင်းသင်းနေရင်း တစ်နေ့ဖခင်ဖြစ်သူ နယ်စားမင်းက သားတော်ဆီအလည်လာမှာ ညီမဖြစ်သူ မအေးမိကို သဘောကျပြီး တော်ကောက်လိုက်သတဲ့ မအေးမိကလည်း အိုကြီးအိုမကို မယူနိုင် အဲမှာမအေးမိက တစ်ရွာသား ဖိုးပြားဆိုတဲ့လူငယ်လေးနဲ့ ခိုးပြေးသွားသာပေါ့ အဲသတင်းကို အိမ်မှာရောက်နေတဲ့နယ်စားမင်းကတန်းသိတော့ မအေးမိနောက်ကို တန်းလိုက်တာပေါ့ မအေးမိတို့ကလည်း လှည်းနဲ့ရွာကအထွက် နယ်စားမင်းတို့ကလည်းမြင်းနဲ့အလိုက် ရွာ​ပြင်မှာ မိသွားသတဲ့လေ အဲမှာ အေးမိတို့ကချစ်သူနှစ်ယောက်ကွဲရမဲ့အဖြစ်ကိုတွေးပြီး လှည်းပေါ်မှာပါလာတဲ့ တံစဥ်းရှည်ကိုဖိုးပြားက ဆွဲယူပြီး အေးမိလည်ကိုလှီးဖြစ်လိုက်တယ်တဲ့လေ။မြင်လိုက်ရတဲ့ရွာကလူတွေပြောတာက အေးမိကလည်း ပြုံးပြုံးကြီးတဲ့ အဲမှာ ဖိုးပြားကအေးမိကိုလည်လှီးပြီး နယ်စားမင်းကိုသေချာကြည့်ကာ မျက်ထောင့်နီနဲ့ကြည့်ပြီး သူ့လည်ကိုပါ တံစဥ်ရှည်နဲ့လှီးလိုက်ပါရော အဲဒီ့အဖြစ်ကိုမြင်ပြီး နယ်စားမင်းကအလွန်ဝမ်းနည်းသွားတာပေါ့ သူ့ရဲ့လိင်စိတ်ကြောင့် အလွန်ချစ်တဲ့ချစ်သူနှစ်ဦးသေပွဲဝင်ရတာကိုတွေးပြီး အိပ်ယာထဲလဲတော့တာပေါ့။အေးချိုကလည်း ညီမဖြစ်သူရဲ့အဖြစ်ကြောင့် နယ်စားသားနဲ့ စကားများတာပေါ့ နယ်စားမင်းကလည်းအေးချိုတို့အိမ်မှာပဲနာမကျန်းဖြစ်နေတယ်တဲ့ သမားတော်တွေနဲ့ကုလည်း မပျောက် ဆေးဆရာတွေနဲ့ကုလည်းမပျောက်ဖြစ်နေတဲ့နယ်စားမင်းက နောက်ဆုံးအသက်မထွက်ခင်မှာ ချစ်သူနှစ်ဦးသေတဲ့ လှည်းလမ်းဘေးမှာပဲ ချစ်သူနှစ်ဦးအတွက် ဇရပ်တစ်ဆောင်ဆောက်လုပ်ပေးခဲ့ပြီး ၂ရက်အလွန်မှာပဲ နယ်စားမင်းဒီဒေါင်းစားကုန်းမှာကဲ ကံကုန်သွားတယ်တဲ့လေ။ရင်နာဖွယ်ဇရပ်တစ်ဆောင်ပါပဲ။ဒီဇရပ်ကိုလည်း ရွာကလူတွေက အေးမိဇရပ်လို့ခေါ်ကြတယ်လေ။ဒီဇရပ်မှာ ချစ်သူတွေချိန်းတွေ့ရင် ဇရပ်ကအလွန်မွှေးတဲ့ ရနံ့ရတယ်လို့ အတွဲတွေကြားမှာလည်း နာမည်ကြီးပဲ။မတော်သူတွေ မိန်းကလေးတွေကို မတော်မတရားကျင့်ဖို့ ဒီဇရပ်မှာ ကြံရင် ဇရပ်ခေါင်မိုးကနေ လည်ပင်းမှာ တံစဥ်ရာကြီးနဲ့ မဲမဲလူနှစ်ယောက်ဆင်းလာပြီးခြောက်လှန့်တာကိုလည်း တဲ့တဲ့ကြားမိကြသည်ကလည်း အမှန်တရားတွေပါပဲ။

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now