#မာန်ဝင့်ထည်ဝါ
"ရှင်ဘာလို့ ခုတင်ပေါ်တက်လာတာလဲ?
ထားဂတ် ခုတင်မှာအိပ်မယ်လို့ပြောထားတယ်လေ"
သူမအသံက ဒေါသသံမပါဘဲအေးအေးဆေးဆေးဆိုသည်
"ဟုတ်တယ်လေ မင်းလည်းအိပ်လေ ကိုယ်လည်းအိပ်လို့ရတာပဲ ခုတင်က king-size လေ မင်းဘက်ခြမ်းမင်းနေ ကိုယ့်ဘက်ခြမ်းကိုယ်နေတာပဲ
ဒီခုတင် လူ၅ယောက်အိပ်ရင်တောင်ရတယ်"
"ထားဂတ်ရှင့်ကို မယုံဘူး
တခြားမှာသွားအိပ်"
"အာ မင်းကကိုယ့်ကို မယုံဘူးပေါ့
ဒီမှာကိုယ့်မိန်းမ .......ကိုယ်ကလေ ဘယ်တော့မှ မိန်းခလေးတွေကို ဖိအားမပေးဘူး
လိုလည်းမလိုအပ်ဘူးလေ
သူတို့ကိုယ်တိုင် ကိုယ့်ဆီ လိုလိုလားလား ရောက်လာတာချည်းပဲ"
"ဝိုးးးး"
သူမနှာခေါင်းရှုံကာ
"ရှင်က ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့ အတ္တသမားပဲ မိန်းခလေးတွေက ရှင့်အတွက် အပျင်းပြေဆော့စရာထင်နေလား"
အခုသူမ မာန့်ကို အတ္တကြီးတဲ့သူလို့ ပြောလိုက်တာလား
"ကိုယ်ကြွားနေတာမဟုတ်ဘူး ကိုယ့်ဆီက attention လိုချင်နေတဲ့ မိန်းခလေးတွေမှ တန်းစီနေတာပဲ ..…..
မင်းအပါဝင်ပေါ့"
မာန့်စကားကို သူမဒေါသထွက်မလာခင် ပြုံးပြလိုက်သည်
"ဒီမှာဒီမှာ ရှင်စိတ်ကူးယဉ်ကမ္ဘာထဲ ရောက်နေတာလား ဘယ်တုန်းကများ ရှင့် attention ရဖို့ ထားဂတ်ဘာတွေလုပ်ခဲ့လဲ မသိလို့တချက်လောက် ရှင်းပြစမ်းပါ"
မာန်ခပ်တည်တည်နဲ့ 'လုပ်ပြီးတော့မသိတော့ဘူးလား'ဆိုတဲ့ မျက်နှာပေးနဲ့ကြည့်လိုက်ကာ
"မမှတ်မိဘူးလား မဂ်လာပွဲမှာလေ မင်း......"
"ဟမ်... ဟုတ်လား ဆက်ပြောပါဦး ထားဂတ်ဘာလုပ်လဲဆိုတာ"
"ကိုယ့် attention လိုချင်လို့ မင်းblack dress ဝတ်ခဲ့တာမဟုတ်လား ပြီးတော့ ကိုယ်မကျေနပ်တာက ပေါင်ရင်းထိ ခွဲထားတာပဲ
ကိုယ့်ကိုဆွဲဆောင်ချင်ရင်လည်း ခုလို ကိုယ်တို့၂ယောက်တည်းရှိမှ ဝတ်ပါလား
ခုတော့ခန်းမထဲက ယောက်ျားအားလုံး မျက်တောင် တောင်မခတ်ဘဲ မင်းကိုကြည့်နေကြတာ ကိုယ်မကျေနပ်ဘူး"
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
