2.4K 162 38
                                        


(စာမစစ်ထားပါ)

၃နာရီထိုးလောက်မှာ ရွာထဲကဘဝသံသရာသီချင်းကို ကတ်ဆက်နဲ့ဖွင့်သံကြားလိုက်ရသည်။ဒီလိုပါပဲ တောအရပ်ကအသုဘဆို ကတ်ဆက် ကိုရှင်ကိုငှားကြသည်။ကိုရှင်က လူပျိုကြီး သူကစက်ရူးလေ။သူ့စက်က ဟွန်းလေးတစ်ခုရယ် ကတ်ထိုးစက်လေးရယ်သာရှိသည်။

နောက်မှသေလူအရင်ပို့ဆိုတဲ့အတိုင်း မဂျမ်းမရဲ့အလောင်းက သင်္ချိုင်းထဲနောက်မှဝင်ရမှာဖြစ်သည်။မိမုံကအသက်မှီပေမယ့် မိမုံရဲ့အမေနဲ့အဖေက အသက်မမှီခဲ့ပေ။အသုဘအတွက် အလောင်းစင်ပြင် ကနဖျင်းထိုးတာတွေကို စာမကူလုပ်ပေးခဲ့သည်။ပိတ်စ ရောင်စုံစက္ကူတွေနဲ့ အလောင်းပြဿဒ်ကို သေချာလုပ်ကြသည်။အခုက မဂျမ်းမက အလောင်းစင်နဲ့လုပ်ပေမယ့် မိမုံရဲ့မိဘတွေက ပိုက်ဆံရှိလယ်ပိုင်တွေမို့ အလောင်းစင်လှည်းနဲ့ဖြစ်သည်။သုံးလောင်းလုံးထဲမှ မိမုံမိဘတွေက မြေမြုပ်လို့ရပေမယ့် မဂျမ်းမက အပျိုအလောင်းမို့ မီးသဂြိုလ်မှာဖြစ်သည်။အပျိုလေးများသေရင် ကျုပ်တို့ရွာတွေက ပညာသယ်ပေါလို့ ဆေးတွေဘာတွေဖော်ကြမှာစိုး၍ မီးသဂြိုလ်ကြသည်။
အသုဘပို့ကိုတော့ စာမ မလိုက်နိုင်တော့ချေ။အရီးကြက်မသား ဂွမ်းဂွမ်းကို ဘုရားငါးဆူမှာ သွားကြိုရမှာဖြစ်သည်။အခုလည်း နေအေးနေပြီမို့ စာမလှည်းကောက်ကာ လှည်းပေါ်ဓားတင်ပြီး ဂွမ်းဂွမ်းကြိုရန်ထွက်ခဲ့လိုက်သည်။ဒီနေ့က စာမရှေ့တင် လူသုံးယောက်သေခဲ့ပြီမဟုတ်လား။အဖေနဲ့အမေက အသုဘအိမ်တွေဆီသွားနေကြသည်။သူသေငါပို့  ငါသေသူပို့ဆိုတဲ့ရှေးစကားတိုင်း
တစ်ရောက်သေရင် အမျိုးတော်တော်မတော်တော် အသုဘအိမ်လုပ်ကူပြီးအသုဘပို့လိုက်ကြသည်က ထုံစံဖြစ်သည်။

%%%%%&

”တောက်....စာမ..စာမအလှမာန်တက်နေတယ်ပေါ့ ငါလိုတေဇကလည်း မစားရတဲ့အမဲသဲနဲ့ပက်ရတာပေါ့”

တေဇတစ်ယောက် သင်္ချိုင်းကအထွက် မကျေနပ်ချက်တွေကို အငြိုးအဖြစ်တေးမှတ်ထားလိုက်သည်။ပပဝတီလောက်လှပေမယ့် သူမပိုင်ဆိုင်ရတော့ဘူးလေ။ဒီအတွက် မစားရတဲ့အမဲသဲနဲ့ပက်ရန်သူကြံတော့သည်။

%%%&

”အမလေး အမလေး...ကုန်ပါပြီ ဒီလောက်လမ်းအကျယ်ကြီး ဘယ်ကလှည်းက ဆင်းမောင်းသွားတာတုန်း”

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now