part-5

49 3 0
                                        

နွေးထွေးမှုအားပြန်လည်ခံစားရလေသော နေရာသို့ခြေချ၏။ မရောက်သည်မှာ ကြာလေပြီဖြစ်၏။ ကျွန်တော့်အတွက်အလုံခြုံဆုံးသောနေရာဆိုလျှင်လဲမမှားပေ။ ထိုနေရာသို့သည်နေ့တွင်ပြန်လည်ကာရောက်ရှိလာပါပေ၏။ ဝမ်းသာ၍မဆုံးပေ။

"သားရေ.."

"မေမေ့.."

"လာပါဦး..မေမေ့သားလေး..မေမေကသတိရနေတာ.."

"သားလဲလွမ်းနေတာ.."

မျက်ရည်ဝိုင်းနေသော မေမေ။ ကျွန်တော့်အားမည်မျှတောင်စိတ်ပူကာနေခဲ့ရမည်နည်း။ ကျွန်တော်သည်လွမ်းဆွတ်တမ်းတရခဲ့၏။ ထိုလူ့အိမ်သည် အမေ့အိမ်လောက် နွေးထွေးမှုမရှိခဲ့သည်ဖြစ်သည့်အတွက်ပင်။ မေမေ့နားမြန်မြန်သွားကာသာ ဖက်ထားလိုက်တော့၏။

"သားကိုလိုက်မပို့ဘူးလားဟင်.."

"ဗျာ..ဟုတ်..သားဘာသာလာခဲ့တာ.."

"ဟောမေမေ့သားလေးရယ်..တောင်းပန်ပါတယ်နော်မေမေက..သားလေးကိုလေပျော်ရွှင်စေချင်ခဲ့တာ..ဒါမဲ့မေမေ့အမှားတွေပဲမလား.."

"ဟင့်အင်းမေမေ့..‌အပြစ်မတင်ရဘူးလေနော်..ဖြစ်ခဲ့သမျှတွေကကျွန်တော့်အမှားတွေချည်းပါ.."

ကိုယ့်သားလေးပျော်ရွှင်စေရန်ပြုလုပ်ခဲ့ရမည့်အစား ဝမ်းနည်းမှုကိုသာပေးအပ်ခဲ့မိသည်အဖြစ်ပင်။ သားလေးမျက်နှာသည်လဲ အမေဖြစ်သူကိုမြင်မှ ပြုံးပျော်ကာပြေးဖက်လာရသည့်အထိပင်။ မည်မျှစိတ်ဆင်းရဲခဲ့မည်နည်း။ ‌လက်ထပ်ပေးခဲ့သည်မှာ သိက္ခာတရားအတွက်ဆိုသော်ငြား ယခုတွင်လဲ ဘယ်သတင်းမျှကောင်းမနေခဲ့တော့ပြုခဲ့မိသည့်မိဘများအမှားများသာဖြစ်ချေလေ၏။

"သားရယ်..ချစ်တယ်..သားအပေါ်ကောင်းကောင်းဆက်ဆံရဲ့လားဟင်..မေမေဖြင့်စိတ်အရမ်းပူတာပဲ.."

"ဟီး..ဦးလွမ်းညှို့ကသားအပေါ်ကောင်းပေးပါတယ်မေမေ..စိတ်မပူရဘူးလေနော်..အခုကလဲသူကမေမေ့တို့ဆီပြန်လို့ရတယ်ဆိုလို့သားပြန်လာတာ..ဟီး.."

"ဟုတ်ပါပြီ..လိမ်မာရမယ်နော်.. သားက‌အငယ်ဆိုတော့ အရာအားလုံးဂရုစိုက်ရမယ်နော်..သိတယ်မလားဟင်.."

You've reached the end of published parts.

⏰ Last updated: Feb 09 ⏰

Add this story to your Library to get notified about new parts!

He's The One Who Hurts Me Where stories live. Discover now