2.5K 140 20
                                        

:စာမစစ်ထားပါ:

(အောက်လမ်းတေဇ ဇတ်သိမ်း)

တံငါအတိုက်

တေဇရွာထဲမဝင်တော့ပဲ သင်္ချိုင်းထဲဆီတာပြေးသွားခဲ့သည်။သင်္ချိုင်းဇရပ်ပေါ်ရောက်တော့ လူဦးခေါင်းခွံပေါ်မှာ ရှိတဲ့ဖယောင်းတိုင်းကို မီးထွန်းလိုက်သည်။နေ့လယ်နေ့ခင်းမို့ လူသူလေးပါးက အရိပ်ရောင်တောင်မတွေ့ရ။ဦးခေါင်းခွံရဲ့နဘေးမှာလည်း အသားစိမ်း ထမင်းဟင်း အောက်လမ်းပစ္စည်းအမျိုးအစုံကို ကြိုးနီတွေနဲ့ ရစ်ပတ်ဆွဲထားသည်။တေဇအမြန်ပဲ အစီရင်တွေရှေ့မှာထိုင်လိုက်သည်။ အရှေ့ကအဖြူရောင်ကြေးလင်ဗန်းထဲက ငါးမျှားချိတ်တွေထိုးစိုက်ထားတဲ့ ငါးတစ်ကောင်ကို ကြိုးအနီတွေနဲ့ရစ်ပတ်ထားတဲ့အစီရင်ကို ကောက်ကိုင်လိုက်သည်။တေဇအစီရင်ငါးကို ပါးစပ်နားတေ့ပြီး ဂါထာမန္တန်တွေကို စရွတ်သည်။

%%%%%%%

”စာမ သွား..ရွာကိုသွား မိမုံတို့အိမ်ကိုသွား အခုသွား”

စာမနားထဲ အသံအောအောကြီးသေချာကြားလိုက်ရသည်။စာမ မျက်လုံးကို သေချာမှိတ်ကာ အသံကိုစူးစိုက်နားထောင်ကြည့်လိုက်သည်။မှိတ်ထားတဲ့အမြင်အာရုံထဲမှာ မဂျမ်းမပေါ်လာခဲ့သည်။ပွင့်နေတဲ့ဗိုက်ထဲက ထွက်ကျနေတဲ့အူတွေကို လက်တစ်ဖက်နဲ့ကိုင်ထားသည်။လက်တစ်ဖက်ကမရှိ မျက်လုံးတွေက အဖြူသားကြီးပဲရှိပြီး ဆံပင်ကစ ခြေအထိ သွေးများရဲရဲနီနေသည်။လည်ပင်းအောက်က ရင်ဝမှာလည်း နွားဂျိုရာ အပေါက်ကြီးကအထင်းသား ဖြူဖွေးနေတဲ့ မျက်သားတွေက စာမကိုကြည့်ပြီး ပါးစပ်ကြီးဟပြီးပြောလာသည်။

”သွား...စာမ..သွား မိမုံတို့အိမ်ကိုသွား”

စကားပြောလိုက်တိုင်း ထွက်ကျနေတဲ့ အူတွေက လှုပ်စိလှုပ်စိဖြစ်နေသည်။စာမခေါင်းယမ်းရင်းမျက်လုံးကိုဖွင့်လိုက်ပြီး ရွာဆီကို ထပြေးလိုက်သည်။

”စာမ....စာမ”

သီဟနဲ့ ချက်ကြီးလည်း စာမထပြေးသည်နှင့် နှစ်ယောက်သားအမြန်ထကာ စာမနောက်ကိုပြေးလိုက်သွားကြသည်။

%%%%%%

မိမုံတစ်ယောက် မနက်က ငါးတွေလပ်တာနဲ့ အဖေနဲ့အမေစားဖို့ ငါးခူငါးဆယ်သားဝယ်ခဲ့လိုက်သည်။ငါးခူသားက ချိုပြီးအားရှိသာမို့ အမေနဲ့အဖေစားရန်သူချက်ထားလိုက်သည်။

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now