"လွမ်းညှို့..ဟုတ်လှချည်လား..မင်းက ရှာနိုင်ကျွေးနိုင်တယ်ဆိုပြီး..အိမ်သူနှစ်ယောက်နဲ့ပါလားကွ.."
"ဟုတ်တယ် ဟုတ်တယ်လွမ်းညှို့..ဘယ်တုန်းကစိတ်ဝင်စားသွားတာ အခုမင်းဟာကြီးကဘယ်လိုကြီးတုန်းပြောပါဦး.."
"ကျစ်.."
သည်ကောင်များ ဘာမှမသိပဲ ထင်ရာများသာ ပြောဆိုနေကြ၏။ သူများအကြောင်းအားအရမ်းစိတ်ဝင်စားကြ၏။ ဘယ်လိုသူငယ်ချင်းများပင်မသိပေ။ယခုကိစ္စကိုသာအမြဲလိုက်လံကာမေးနေ၏။ စိတ်ပျက်စရာကောင်းလေသော သူငယ်ချင်းတစ်ချို့။
"ဟျောင့်..မင်း..ဖြေဟ..ဘာလဲအိမ်သူသစ်လေးကအရမ်းချစ်စရာကောင်းလို့ မြင်မြင်ချင်းကျရှုံးသွားတာလား..အဲ့တာကလေးနော်မင်း.."
"ကျစ်..ဘာတွေတုန်းကွာ.."
"အခုမှ.."
သူတို့၏အရည်မရ အဖက်မရမေးခွန်းများအားပြန်ကာဖြေမနေချင်တော့ပေ။ ကိုယ့်ဘာသာတောင်အာရုံနောက်ရသည့်ကြား သည်သူငယ်ချင်းများမေးသည်မှာ ပိုကာရှုပ်ထွေးလာရ၏။ စိတ်ပျက်ဖို့ကောင်းလှပါဘိ။ သူတို့ခေါ်၍ လာရသည်ကို ရောက်တော့ဘာတွေလာမေးမှန်းကိုမသိလေတော့။
"ယူချင်လို့ယူတာကွာ..အရည်မရအဖက်မရတွေမေးဖို့ခေါ်တာလား..ပြန်ပြီ.."
"မေးမိတာကို..သူလုပ်တာကဟုတ်တာမှမဟုတ်တာ..ဟိုက ကလေးကို.."
"..."
ကိုယ့်ကိစ္စနှင့်ကိုယ်ဖြစ်သည်မို့ ရှင်းပြမနေတော့ပါလေ။ တစ်ခွန်းဟလျှင် တစ်ခွန်းပိုပိုသိချင်နေသော စပ်စုသည့်ကောင်တွေအတွက် အဖြေဟူသည် ခက်လှစွာပင်။မြန်မြန်သာထွက်လာခဲ့တော့၏။ ကျက်သရေတုံးသည့်နေရာဖြစ်သည်မို့ပင်။
" Hello ဖေဖေ..မေမေ့ခြေထောက်နာနာဖြစ်တယ်.."
"ဘယ်လိုဖြစ်တာ..ပြောသား..တအားထိသွားလား .. ဘယ်နားထိတာ..ပြောဖေဖေ့ကို.."
"ဟင့်အင်း..မေမေ့ခြေထောက်ပေါ်ဖန်ခွက်ကျသွားတာ..အဲ့ဟာနာနာဖြစ်တာ.."
"ဟော ဖေဖေလာပြီ..မေမေ့ကိုဂရုစိုက်လိုက်သား.."
ဖုန်းချကာ အိမ်သို့အမြန်ပြန်ရပါမည်လေ။ သက်သည်မထိခိုက်စဖူးထိခိုက်နေပါလေ၏။အသေးအမွှားလေးဆိုလျှင်တောင် စိတ်ပူရသည်မို့ပင်။ ချစ်မြတ်နိုးရသည့်မိန်းကလေးဖြစ်သည်မို့လား အတော်လေးစိတ်ပူမိနေ၏။
YOU ARE READING
He's The One Who Hurts Me
Poetry"မြတ်နိုးပေးပါလို့တောင်းဆိုမိရင်တောင် ကိုယ်ဖြစ်နေတဲ့အတွက် မင်းကခါးသီးနေဦးမှာပဲ.." လွမ်းညှို့သွင် "အဆုံးသတ်ကျမှ တောင်းပန်ရမှန်းသိလေတော့ ဘယ်အရာတွေကများအကောင်းတိုင်းရှိပါဦးမလဲ.." မှိုင်းကတ္တီ
