part-3"🍒

191 6 0
                                        

"ဟို..ကော်ဖီလာပို့ပါတဲ့..ဦးလွမ်းညှို့သွင်က.."

"ဟင်..ကျွန်တော့်ကိုလား.."

"ဟုတ်တယ်..အိမ်သူသစ်ကိုပို့ခိုင်းလိုက်လို့ပြောတာ.."

ကျွန်တော့်ဘာသာအေးဆေး‌ရှိနေသည်ကို ဘာကြောင့်များတမင်ခေါ်သည်ကိုမသိပေ။ သည်လူကြီး ဘာများဖြစ်သနည်း ကျွန်တော့်အား သူအမြင်ကြည်သည်လဲမဟုတ်သည်ကိုခေါ်ပါခေါ်သေး၏။။ ကျွန်တော်သည်သူ့စေလိုရာအတိုင်းနေမည့်သူဖြစ်သည့်အတွက် ငြင်းဆန်၍မရပေ။ ကျွန်တော်သည်နောက်ဘက်ခြံတွင်ရှိသည်ကို တကူးတကလာခေါ်သေးသည်ကိုအံ့ဩမိပါဘိ။

"ဟုတ်..ဟုတ်..ကျွန်တော်သွားလိုက်မယ်.."

ကျွန်တော်ကော်ဖီခွက်ယူကာသာ တက်လာမိ၏။ အခန်းတံခါးအားခေါက်သော်ငြားလဲ မထူးပေ။ လာလဲမဖွင့် ဆိုသည့်အတွက် ကျွန်တော်ဖွင့်၍များရမလားဆိုကာ ဖွင့်ကြည့်လေတော့ ရသည်နှင့် ဆွဲဖွင့်ကာ ဝင်သွားလိုက်၏။ ဝင်လာသည်အား မကြိုက်မည်စိုးသောအမျိုးသမိးများရှိမလားဆိုကာကြည့်မိသော်ငြားလဲ ရှိမနေပေ။ ထိုလူလဲရှိမနေပေ။

"Daddy..Daddy.."

"ဟင်..လူကော..ဘာလား..မရှိပဲ ငါ့ကိုခေါ်ရတယ်လို့ ချီး..ဟင်..နေဦးဒါက.."

မိန်းကလေးတစ်‌ယောက်၏ပုံအားမြင်လိုက်ရ၏။ မိန်းမရှိသည်ကိုသည်မိန်းကလေးပုံပါ ထားသေးသည်ဆိုတော့ ဒီလူမဟုတ်တော့ပေ။ ကျွန်တော်ဖြင့်ကြောင်တောင်တောင်ဖြစ်သွားရသည်။

"‌ငါ..ငါမြင်ဖူးသလို..မဟုတ်သေး..အဲ့.."

မြင်ဖူးသလိုရှိပေမဲ့ ကျွန်တော်မသဲကွဲပေ။ အမှတ်မှားသည်လဲဖြစ်နိုင်ပါဘိ။ ကျွန်တော့်စိတ်ထဲတွင်တော့တစ်မျိုးပင်ဖြစ်၏။

"မကိုင်နဲ့..ညစ်ပတ်သွားမယ်.."

"ဗျာ..ကျွန်တော်ကညစ်ပတ်တယ်.."

လင်ကောမယားပါ ကျွန်တော့်အားပြောသည့်စကားသည် ဟိုးအောက်မှထွက်မလာတော့ပေ။ ကိုင်ပင်မကိုင်ရသေးသော ထိုဓာတ်ပုံ။ ထိုသည်ကိုပြောဆိုလာသော စကားသည်လဲ တစ်ဖန် ရှုတ်ချခြင်းပင်။ ညစ်ပတ်သည်ဆိုလျှင်ဘာကြောင့်များခေါ်ထားသေးသည်လဲ ။

He's The One Who Hurts Me Where stories live. Discover now