"ကိုကို..ကိုကို.."
"ဗျာ.."
ကျွန်တော့်အားကိုကိုဟုခေါ်ကာပြေးလာသောကလေးငယ်လေး။ ကျွန်တော်ရပ်နေခဲ့သည်ကို ပြေးကာ ပေါင်အားလာဖက်လေသောကလေးလေး။ ချစ်စရာလေးဖြစ်၍ ပြုံးပြကာကြည့်လိုက်၏။ ထိုကလေးလေးသည်တော့ငိုမဲ့မဲ့လေးနှင့်မော့ကြည့်လျက်သားပင်။
"ကိုကိုက သားဖေဖေကို လုသွားတာဆို..ဟုတ်လားကိုကို.."
"ဟောဗျာ မဟုတ်ရပါဘူး..ကလေးလေးကဘာလို့ဒီလိုစကားတွေပြောရတာတုန်း.."
"ဟင်..ဖေဖေကကိုကို့ကိုခေါ်ရာတာယေ.."
"ကိုကိုတောင်းပန်ပါတယ်နော်..ကိုကိုလဲမထင်ထားမိဘူး.."
ထိုကလေးလေးသည် သူ့ဒယ်ဒီအားလုယူမိသည့်ကျွန်တော်အားဝမ်းနည်းစွာနှင့် လာပြောလေ၏။ ထိုကလေးလေးသာမက ကျွန်တော်ပါဝမ်းနည်းရ၏။ သူများအငယ်အနှောင်းဖြစ်ရသည်မှာ ပျော်စရာကောင်းနေသည်မဟုတ်။ ရုတ်တရတ်ကြီးပြောင်းလဲသွားပါသော ကျွန်တော့်ဘဝတစ်ဆစ်ချိုး။ ထိုတွင်သာမက ထိုကလေးလေးပါ သူ့ဖေဖေတွင်နောက်တစ်ယောက်ရသောအဖြစ်ကိုကြုံရ၏။
"ဟင့် ကိုကို သားဖေဖေကိုပြန်ပေး.."
"ဟောဗျာ..ကိုကိုမယူပါဘူး..ကိုကို့ကိုလေ ကလေးလေးရဲ့ကစားဖော်အဖြစ်ပဲမှတ်နော်..ကိုကိုက ကလေးလေးဖေဖေနဲ့မသိသလိုနေပေးမယ်.."
"ရေး..ကတိကတိ.."
ဘယ်ကလေးမဆို သူတို့မိသားစုလေးပျက်စီးသွားမည့်အဖြစ်ကိုလိုချင်နေမည်တော့မဟုတ်ပေ။ ကျွန်တော်သည် ဝင်နှောက်သည့် ဂြိုဟ်ဆိုးသာသာ။ ထိုလူကြီးအတင်းလက်မှတ်ထိုးကာယူထားသည်မို့ ကျွန်တော်ရွေးချယ်စရာမရှိခဲ့ပေ။ ယခုတွင်တော့ကြားမကောင်းသောကိစ္စများဖြစ်ပျက်ရကုန်၏။
"လာ..ကိုကိုနဲ့သွားဆော့မယ်..ခြံထဲမှာ.."
"ဟုတ်ကိုကို ဘောလုံးကန်မယ်.. ကိုကိုကဂိုးဖမ်းပေး.."
"ဟုတ်ပီဗျာ.."
ထိုကလေးလေးအားအဖော်ပြုပေးရန်ခြံထဲဆင်းလာ၏။ ဘောလုံးကန်ချင်သည်ဆိုသပဲ။ ထိုကလေးလေးစိတ်ပျော်စေရန် ကျွန်တော်ကစားကူခြင်းသာဖြစ်၏။ သူ့ခင်ဗျာ သူ့ဖေဖေကိုလုယူသွားမှာကြောက်လို့ လာပြောရှာ၏။ ကျွန်တော်စိတ်ထဲမကောင်းနေပေ။
YOU ARE READING
He's The One Who Hurts Me
Poetry"မြတ်နိုးပေးပါလို့တောင်းဆိုမိရင်တောင် ကိုယ်ဖြစ်နေတဲ့အတွက် မင်းကခါးသီးနေဦးမှာပဲ.." လွမ်းညှို့သွင် "အဆုံးသတ်ကျမှ တောင်းပန်ရမှန်းသိလေတော့ ဘယ်အရာတွေကများအကောင်းတိုင်းရှိပါဦးမလဲ.." မှိုင်းကတ္တီ
