part-2

241 10 3
                                        

"ကိုကို..ကိုကို.."

"ဗျာ.."

ကျွန်တော့်အားကိုကိုဟုခေါ်ကာပြေးလာသောကလေးငယ်လေး။ ကျွန်တော်ရပ်နေခဲ့သည်ကို ပြေးကာ ပေါင်အားလာဖက်လေသောကလေးလေး။ ချစ်စရာလေးဖြစ်၍ ပြုံးပြကာကြည့်လိုက်၏။ ထိုကလေးလေးသည်တော့ငိုမဲ့မဲ့‌လေးနှင့်မော့ကြည့်လျက်သားပင်။

"ကိုကိုက သားဖေဖေကို လုသွားတာဆို..ဟုတ်လားကိုကို.."

"ဟောဗျာ မဟုတ်ရပါဘူး..ကလေးလေးကဘာလို့ဒီလိုစကားတွေပြောရတာတုန်း.."

"ဟင်..ဖေဖေကကိုကို့ကိုခေါ်ရာတာယေ.."

"ကိုကိုတောင်းပန်ပါတယ်နော်..ကိုကိုလဲမထင်ထားမိဘူး.."

ထိုကလေးလေးသည် သူ့ဒယ်ဒီအားလုယူမိသည့်ကျွန်တော်အားဝမ်းနည်းစွာနှင့် လာပြောလေ၏။ ထိုကလေးလေးသာမက ကျွန်တော်ပါဝမ်းနည်းရ၏။ သူများအငယ်အနှောင်းဖြစ်ရသည်မှာ ပျော်စရာကောင်းနေသည်မဟုတ်။ ရုတ်တရတ်ကြီးပြောင်းလဲသွားပါသော ကျွန်တော့်ဘဝတစ်ဆစ်ချိုး။ ထိုတွင်သာမက ထိုကလေးလေးပါ သူ့ဖေဖေတွင်နောက်တစ်ယောက်ရသောအဖြစ်ကိုကြုံရ၏။

"ဟင့် ကိုကို သားဖေဖေကိုပြန်ပေး.."

"ဟောဗျာ..ကိုကိုမယူပါဘူး..ကိုကို့ကိုလေ ကလေးလေးရဲ့ကစားဖော်အဖြစ်ပဲမှတ်နော်..ကိုကိုက ကလေးလေးဖေဖေနဲ့မသိသလိုနေပေးမယ်.."

"ရေး..ကတိကတိ.."

ဘယ်ကလေးမဆို သူတို့မိသားစုလေးပျက်စီးသွားမည့်အဖြစ်ကိုလိုချင်နေမည်တော့မဟုတ်ပေ။ ကျွန်တော်သည် ဝင်နှောက်သည့် ဂြိုဟ်ဆိုးသာသာ။ ထိုလူကြီးအတင်းလက်မှတ်ထိုးကာယူထားသည်မို့ ကျွန်တော်ရွေးချယ်စရာမရှိခဲ့ပေ။ ယခုတွင်တော့ကြားမကောင်းသောကိစ္စများဖြစ်ပျက်ရကုန်၏။

"လာ..ကိုကိုနဲ့သွားဆော့မယ်..ခြံထဲမှာ.."

"ဟုတ်ကိုကို ဘောလုံးကန်မယ်.. ကိုကိုကဂိုးဖမ်းပေး.."

"ဟုတ်ပီဗျာ.."

ထိုကလေးလေးအားအဖော်ပြုပေးရန်ခြံထဲဆင်းလာ၏။ ဘောလုံးကန်ချင်သည်ဆိုသပဲ။ ထိုကလေးလေးစိတ်ပျော်စေရန် ကျွန်တော်ကစားကူခြင်းသာဖြစ်၏။ သူ့ခင်ဗျာ သူ့ဖေဖေကိုလုယူသွားမှာကြောက်လို့ လာပြောရှာ၏။ ကျွန်တော်စိတ်ထဲမကောင်းနေပေ။

He's The One Who Hurts Me Where stories live. Discover now