The first day of mine
"သွန်း.. ဘယ်ခေါ်လာတာလဲ ..ဒီနေရာကြီးက မကောင်းဘူးကွာ.."
ကျစ်..မှိုင်းကလဲ.. လိုက်ခဲ့စမ်းပါ.. ဘာမှမဖြစ်ဘူး..ပျော်ဖို့ကောင်းတယ်အထဲရောက်မှသိမယ်.."
"ဟင်နင့်ဟာကလဲ..ငါတော့သဘောမကျပါဘူး..တစ်မျိုးကြီးကို.."
"လာပါလာ.."
ပြောရင်းပင်ဆွဲခေါ်သွားသောသူမ ။ သူငယ်ချင်းဟူ၍ သူတစ်ယောက်သာ ရှိသော မှိုင်းအဖို့ သူခေါ်သည့်နောက်သာဇွတ်တရွတ်လိုက်ရတော့၏။ပျော်ဖို့ကောင်းသည်သာပြော၍ မှိုင်းစိတ်ထဲ သဘောကျသည်တော့မဟုတ်ပေ။ လိုက်ဆို၍ လိုက်ရခြင်းပင်ဖြစ်၏။
"ဟျောင့်တွေ..ဒါ ငါ့သူငယ်ချင်း မှိုင်းကတ္တီတဲ့..ခင်ပေးလိုက်ကြဦး.."
မျက်စိအရှေ့တွက်မြင်နေရသည်မှာ မှိုင်းအရွယ်ကောင်လေးသုံးယောက်ပင် ဖြစ်၏။ သွန်းမှာ သည်လိုသူငယ်ချင်းများရှိသည်ကို မသိခဲ့။ ပုံစံများသည်တော့ခေတ်ရေစီးကြောင်းအားလိုက်ကာဝတ်စားထားသည့်အတွက် cool သည်ပြောရမလားပင်။ မှိုင်းနှင့်တစ်စက်မျှမတူနေခဲ့ ။
"ဟ သွန်း..ဒါမင်းပြောတဲ့စာဂျပိုးကြီးမလား..ဘယ်လိုဒီရောက်အောင်ခေါ်လာတာလဲကွ.."
"မင်းတို့ကလဲကွာ..တစ်ခါတည်းပါ..နော့် မှိုင်း နော့်.."
"အွန်း .. သွန်း .. ငါ ..ဒီနေရာကြီးသဘောမကျဘူး.."
"ဟာ .. ဒီလောက်မိမိုက်နေတာ..ရောက်တုန်းပျော်ပျော်နေစမ်းပါ..ငါဝင်ကြေးတင် အများကြီးပေးထားရတာနော် .. ဒန်း.."
သည်မြို့၏ နာမည်ကြီး bar ဟုသွန်းပြော၏။ သူပြောသည့်တိုင်း ဟုတ်သော်ငြားလဲ သည်လိုနေရာသည် မှိုင်းနှင့်ဆက်စပ်နေသည့်နေရာတော့မဟုတ်ပေ။
"ရော့..သောက်လိုက်.."
မှိုင်းအားပေးလာသည့်ခွက်တစ်ခွက်။ ဘယ်အရာဆိုသည်မသိသော်ငြား ကောင်းသိအရာဟုတ်မနေသည်မှာတော့အမှန်ပင်ဖြစ်၏။ သောက်ကြည့်ဆို၍ သောက်လိုက်သည်မှာ အရသာသည်ဆိုးဆိုးရွားရွားပင်ဖြစ်၏။ လုံးဝထွေးထုတ်ချင်သော်ငြား လူကြားထဲတွင်မို့ မထုတ်မိ။ မျက်လုံးအားစုံမှိတ် အံကြိတ်ကာသာမြိုချလိုက်ရသည့်အဖြစ်ပင်။
YOU ARE READING
He's The One Who Hurts Me
Poetry"မြတ်နိုးပေးပါလို့တောင်းဆိုမိရင်တောင် ကိုယ်ဖြစ်နေတဲ့အတွက် မင်းကခါးသီးနေဦးမှာပဲ.." လွမ်းညှို့သွင် "အဆုံးသတ်ကျမှ တောင်းပန်ရမှန်းသိလေတော့ ဘယ်အရာတွေကများအကောင်းတိုင်းရှိပါဦးမလဲ.." မှိုင်းကတ္တီ
