Part_9

387 7 0
                                        

#မာန်ဝင့်ထည်ဝါ

လွန်ခဲ့တဲ့၃လက လောင်းကြေးမှာ ဆုံးရှုံးသွားတဲ့ Pablo ကို ပြန်ရဖို့ မာန် ဒီလက်ထပ်ပွဲကို သဘောတူခဲ့သည် မာန့်ရဲ့ ဦးစားပေးချက်က Pablo မှာ အခြေပြုမယ့် business plan ကိုသာ  အာရုံစိုက်ထားသည် မာန်လက်ထပ်ရမယ့် မိန်ခ‌လေးအကြောင်းကိုတော့  အများကြီးမစဉ်းစားခဲ့ပါ သူမကစိတ်မနှံ့သူပဲဖြစ်ဖြစ် ကလေး၁ယောက်ပဲရှိရှိ ဘယ်ဟာကိုမှ မာန်ဂရုမစိုက်ပါ

မာန်လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူလေးနဲ့ မယုံနိုင်စွာ လမ်းခွဲခဲ့ရသည် ၄နှစ်တာ relationship မှာ ပေးခဲ့တဲ့ကတိတွေ အချိန်တွေ သူမအပေါ်မာန့်ရဲ့သစ္စာရှိမှုတွေ မာန့်ရဲ့အချစ်တွေ
ဒါတွေအားလုံးက သူမရဲ့ဖောက်ပြန်တာနဲ့ အဆုံးသတ်ခဲ့သည် ခံစားရတဲ့နာကျင်မှုတွေကနေ  အခုလို အဆင်ပြေလာဖို့ မာန်အချိန်တွေအများကြီးယူခဲ့ရသည် မိန်းမတွေနဲ့ ပတ်သက်ရမှာမကြောက်ပေမဲ့ ထပ်ချစ်ဖို့တော့ မာန်ကြောက်မိသည်

Dinner 🍽️ မှာစတွေ့တော့ ထားဂတ်က မာန့်ကို စိတ်မဝင်စားဘူးဟု မာန်ထင်သည် သူမရဲ့ အဲဒီပုံစံလေးကပဲ မျက်လုံးချင်းအကြည့်ချင်းဆုံတော့ မာန်ရင်ခုန်ခဲ့သည် သို့ပေမယ့် ဒဏ်ရာရထားတဲ့ နှလုံးသားကြောင့် သူမကိုစကားကြမ်းကြမ်းတွေနဲ့ မာန်စည်းခြားခဲ့သည်

သူမလိုချင်တာ လုပ်ချင်တာ ဘာဘဲဖြစ်ဖြစ် မိသားစုနာမည်မထိခိုက်သရွေ့ သူမလုပ်နိုင်သည်ဟု မာန်ညှိနှိုင်းထားသည် သို့သော် ဒီနေ့သူမလုပ်ရပ်က သူမဖိုးဖိုးရော မာန့တို့ကိုပါ ဂရုမစိုက်တာ အများရှေ့မှာ သိသိသာသာပေါ်လွင်နေသည်
သူမအတိကျကို ဆန့်ကျင်ဘက် လုပ်ခဲ့သည်
မာန်သူမကို ဝတ်စုံdesignဘာညာ သူမစိတ်ကြိုက် လုပ်စေချင်၍ ဘာမှအထွေအထူး မပြောခဲ့ဘဲ 'အဖြူရောင်ဂါဝန်သာ ဝတ်ခဲ့ပါ'ဟု မာန်ပြောခဲ့သည် အခုအနက်ရောင်ဝတ်လာသည်

အချိန်အကြာကြီး စောင့်နေရတဲ့သူတွေကို သူမအားမနာပါ ပထမဆုံးအကြိမ် မာန်တို့၂ယောက်ရဲ့ dinner မှာ မာန့်ကို၂နာရီ စောင့်ရအောင် သူမလုပ်ခဲ့သည် ဒီနေ့ မဂ်လာပွဲမှာ တနာရီစောင့်ရသည် မွေးလာကတည်းက သူများအထက်မှာ နေခဲ့ရတဲ့မာန်.......အခုတော့ သူမကြောင့် ခန်းမထဲမှာ သိမ်ငယ်ခဲ့ရသည် မာန့်မိဘတွေ လူကုံထံအသိုင်းဝိုင်းကြားမှာ အရှက်ရခဲ့သည် သူမဒီလောက်လုပ်လိမ့်မည်ဟု မာန်မမျော်လင့်ထားပါ ဒီလက်ထပ်ပွဲက အခြေနေပြောင်းခဲ့ပြီ

ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေးWhere stories live. Discover now