2.2K 141 30
                                        

(စာမစစ်ထားပါ)

”ခွေးသူတောင်းစားကတစ်မောက်”

ဂွမ်းဂွမ်းတစ်ယောက် ရထားပေါ်မှာဒုက္ခချောချောလို့ပြောရမလား ဒုက္ခဆိုးဆိုးလို့ပြောရမှာလားမသိတော့ပေ။တစ်ရွာပြောင်းရသည်မို့ရင်မောရတဲ့အထဲ လက်မှတ်စစ်က လူလာရစ်နေတယ် ဘယ်ဘဝ ဝဠ်ကြွေးလည်းမသိဘူး။

”လက်မှတ်စစ်ကိုလူချော တော်လာရစ်မနေနဲ့ ကျုပ်အစောနလေးတင် ပုံတော်ဖိုးတွေရော လူလက်မှတ်ရော တော်ကြီးပေးပြီးပြီ”

”လက်မှတ်မှာ နာမ်မည်ကဂွမ်းဂွမ်းဆိုတာ အရင်းလားမေးတာ ဖြေသလား”

”ကျုပ်ဖြေပြီးပါရော နာမ်မည်အရင်းက မေပုလဲတဲ့ ကျုပ်နာမ်မည်အရင်းကျုပ်မမှတ်မိလို့ မနည်းပြန်စဥ်းစားယူနေတာ နတ်လောကမှာတော့ ဂွမ်းဂွမ်းတဲ့ တစ်ဂွမ်းပဲရှိတယ်နော် လူလာမရစ်နဲ့ ဂွမ်းဂွမ်းအကြောင်းသိသွားမယ်”

လက်မှတ်စစ်ကိုယ်တော်ချောက အနောက်ကအတင်းလိုက်ကာ လာရစ်နေသည်မို့ ဂွမ်းဂွမ်းစိတ်ညစ်ရသည်။ကိုယ့်နာမ်မည်အရင်းဖြစ်တဲ့ မေပုလဲ ဆိုတာတောင် ကိုယ်တိုင်မေ့နေရတဲ့အထဲ လာရစ်နေရသယ်လို့ ကြုံဘူးပေါင်တော်။

”အသက်ဘယ်လောက်ရှိပြီတုန်း”

”ဒီမှာလက်မှတ်စစ် ကျုပ်ကိုသန်းခေါင်စာရင်းလာကောက်နေရော့သလား”

”လူပျောက်နေမယ်စိုးလို့”

”ကျုပ်ပျောက်တော့ရော တော်နဲ့ဘာဆိုင်သလည်း”

ဘေးကထိုင်နေကြတဲ့ လူတွေတောင် ဝိုင်းကြည့်နေကြသည်။တစ်ယောက်က လူတိုင်းကြောက်ရတဲ့လက်မှတ်စစ် တစ်ယောက်က မိန်းမရှုံးအောင်လှတဲ့နတ်ကတော် ဘယ်သူနိုင်မလည်း သိချင်နေကြပုံလည်းတူတယ်။နတ်ကတော်လေးက ကိုကြီးကျော်ပုံတော်ကို ရင်မှာပိုက်ပြီး သနပ်ခါး ပါးကွပ်ကြားလေးနဲ့ ဆံပင်ကိုဖြောင့်နေအောင်ချထားကာ ညုပ်ကလစ်လေးနဲ့ အနောက်မှာညုပ်ထားပြီး ခေါင်းမှာ ပန်းတွေဝေနေအောင်ပန်ထားလေသည်။နှုတ်သီးလေးချွန်ကာချွန်ကာနဲ့ လက်မှတ်စစ်လူငယ်လေးကို မော့ကြည့်ကာ ရန်တွေ့​နေသည်ကိုပင် လက်မှတ်စစ်လူငယ်လေးကလည်း  ရထားအပေါ်ဘောင်ကိုကိုင်ကာထိုင်နေတဲ့နတ်ကတော်လေးကိုငုံကြည့်ရင်း ပြုံးတုံးတုံးနဲ့ စနေလေသည်။

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now