2.7K 159 30
                                        

(စာမစစ်ထားပါ)

”ပြန်လာပြီလား သားဗေဒါ”

”ဟုတ်တယ်အမေရေ စိတ်တိုလိုက်တာဆိုတာမေးမနေနဲ့”

”ဟဲ့သားရဲ့ ဘာဖြစ်လာရတာတုန်း”

”အောက်လမ်းကောင်တစ်ယောက်ပေါ့အမေရဲ့ ထန်းတောကနေ ရွာအစပ်ထိလိုက်လာပြီး သားကိုပီယဆေးနဲ့ လာလုပ်တယ်လေ”

”ဒါကြောင့်ငါကပြောတယ် တစ်ယောက်တည်းမသွားမလာပါနဲ့လို့ အခုဖြစ်ပြီးမို့လား....နေပါဦး သီဟတို့က လိုက်မပို့ဘူးလား”

”အဲအကောင်အကြောင်းမေးမနေနဲ့ သေနာဂျိုးကန်း”

အမေက အိုးထဲကထန်းညက်ရည်ကိုယောင်းမနဲ့မွှေရင်း စာမဘက်ကိုလှည့်လာခဲ့သည်။

”နေပါဦး အောက်လမ်းကောင်က အဲသလိုလုပ်တော့ ငါ့သားဘာမှ ပြန်မလုပ်လိုက်ဘူးလား”

”လုပ်တာပေါ့အမေရယ် စာမဘာကောင်မှန်းသိအောင် လက်ဝါးမှာစက်ထည့်ပြီး ပါးရိုက်ပေးလိုက်တယ်”

လက်ဝါးကိုထောင်ပြကာပြောလာတဲ့စာမစကားကြောင့် ဒေါ်ဇီးကွက်မျက်လုံးပြူးသွားရသည်။ဒေါ်ဇီးကွက်ရွဲ့ပြောလိုက်ပေမယ့် တကယ်လုပ်ခဲ့တဲ့အကြောင်းပြောလာတဲ့စာမကြောင့် မျက်လုံးပြူးရပြန်သည်။ပြဿနာမီးထွန်းရှာလာခဲ့ပြီမဟုတ်လား။

”အမလေးစာမရယ် ပြဿနာ..ပြဿနာဟဲ့”

”ဂွတ်...”

ယောင်းမကြီးကိုင်ကာရှေ့တို့လာပြီးခေါင်းကိုခေါက်ချလိုက်တဲ့အမေ့ကြောင့် စာမငယ်ထိပ်နာသွားကာ လက်ဖြင့်ပွက်နေမိသည်။ဒေါ်ဇီးကွက်မျက်နှာကတော့ စိုးရိမ်စိတ်မပြေသေး။

”အောက်လမ်းကောင်တွေက အကျင့်မကောင်းတဲ့ကောင်တွေ ကလိမ်ကျစ်တွေဟဲ့ စာမရဲ့”

”မသိဘူးအမေရာ နာတာပဲသိတယ်”

”အမေက သားဘက်ကမပါပဲ သူးများဘက်ကပါနေတာလား”

”ဟဲ့အမလေးစာမရဲ့ ဟိုကအငြိုးထားနေပြီ”

”အို..စာမကဂရုကိုမစိုက်တာ”

”အေးပါ..အေးပါ ပြီးမအမေကယ်ပါ အမေကြီးကယ်ပါ ဖွားချမ်းသာကြီးကယ်ပါလုပ်လို့ကတော့တွေ့မယ်”

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now