(စာမစစ်ထားပါ)
”တော်ပါတော့ကြွက်မင်းရာ ငါရှက်လာပြီ”
စာမစကားကြောင့် ချက်ကြီးက ခေါင်းငိုက်နေရင်းမှ လှည့်ကြည့်လာကာ
”လီးလားဟ လီးရှက်တာလားစာမ မင့်ကို ဘယ်ကောင်က ရှက်အောင်လုပ်နေတာတုန်း ပြောဟျောင့်”
”မဟုတ်ရပါဘူးကွာ ဒီတိုင်းရှက်လာလို့ကွ မင့်ယောက်ဖက သီချင်းကို လူလိုဆိုတာမဟုတ်ဘူး ငါ့ကြည့်ဆိုနေလို့”
”ဟုတ်သားပဲ ကြွက်မင်း မင်းကလည်း သူ့ဘာလိုကြည့်ဆိုတာတုန်း”
ဇော်ဝိုင်းကပါ ခေါင်းထောင်လာကာ ထပြောလာသည်။
”ဟယောက်ဖရ ကြိုက်လို့ကြည့်တာပေါ့ကွ”
”အော်အေးအေး”
ချက်ကြီးကမူးရူးရူးနဲ့ လက်ခံသလိုခေါင်းငြိမ့်ပြလာသည်။ချက်ကြီးခေါင်းငြိမ့်တော့ ဇော်ဝိုင်းကပါ ရောရောင်ကာ ခေါင်းထက်ငြိမ့်လေသည်။ကြွက်မင်းကတော့ သူ့ကိုရီဝေဝေနဲ့အကြည့်မလွဲသေးပေ။စာမလည်းရှက်တာနဲ့ မတ်တက်ထရပ်လိုက်သည်။ပြီးမှ မနက်ဖြန်နွေလယ်တွေကောက်စိုက်မှာမို့ ဒီကောင်တွေကိုပျိုးကူနှုတ်ဖို့ လာခေါ်တာကို သတိရပြီး။
”ဒါနဲ့ မနက်ဖြန်အိမ်ကနွေလယ်တွေကောက်စိုက်မှာ ပျိုးတွေကတော့ နှုတ်ပြီးသာပဲ ဒါမဲ့လိုရမရ ပျိုးလိုရင် နုတ်ဖို့ မင်းတို့ကိုလာခေါ်တာ မနက်စောစောရောက်အောင်လာခဲ့”
”အေးအေး ငါကြိုက်တဲ့ဝက်သားဒယ်ကြီးချက်ကို မင့်ကိုယ်တိုင်ချက်ခဲ့ စာမ”
ရီဝေဝေအကြည့်တွေနဲ့ ရဲမင်းသီဟက သူ့ကိုမော့ကြည့်ကာပြောလာသည်။ညနေနေရောင်အောက်မှာ အင်းကြီးကို ကျောပေးရင်း သူတို့နှစ်ယောက်အကြည့်ချင်းဆုံ ရင်ခုန်ခဲ့ရပြန်သည်။
”ငါ့ဖို့ကြက်သားငရုတ်သီးချက်နော်စာမ”
”ငါကတော့ ခရမ်းသီးကို ပဲပြုပ်နဲ့စပ်စပ်လေးချက်ခဲ့ပေး”
”အေးပါကွာ မင်းတို့သာ စောစောလာခဲ့ ရွာထဲက ကောက်စိုက်မဲ့ ဂျမ်းမတို့အဖွဲ့လည်း စောစောလာကြမှာ သူတို့ကို ငါဘာဝယ်ထားရမှာလည်း ဝင်မေးရအုံးမှာမို့ ငါပြန်ပြီ”
YOU ARE READING
ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)
Horror"ရနံ့မပါတဲ့ပန်းလည်း မြတ်နိုးသူလက်ထဲရောက်ရင် မွှေးပါသယ်"
