2.7K 147 20
                                        

(စာမစစ်ထားပါ)

*အောက်လမ်းတေဇ*

လူ့ဘဝဆိုတာအချိန်အတိုလေးပါပဲ ရက်မှလ လမှနှစ် ဒီလိုပဲ အချိန်တွေက ကုန်သွားခဲ့တာပါပဲ။လူ့ဘဝရောက်လာပြီအရွယ်ရောက်လာပြီဆိုကတည်းက သေမဲ့လူတွေကြည့်ပါပဲ။အသက်လေးက ကြီးလာတယ် အိုလာတယ် နောက်ဆုံးသေမဲ့ရက်ကိုစောင့်ရတဲ့အရွယ်ရောက်လာမယ်။အရွယ်လေးရှိတုန်းမှာ လှကြမယ်ပကြမယ် ဒီလိုပါပဲ စာမတို့လည်း ရက်တွေအလီလီပြောင်း ပျော်စရာ ငိုစရာတွေကြုံခဲ့ပြီး အခုဆိုအသက်ကလေးက ၁၇တောင်ပြည့်ပြီးခဲ့လို့ ၁၈တောင်ရောက်တော့မည်။အသက်လေးရလာမှ စာမကိုယ့်စိတ်ကို သိလာခဲ့တယ်။သူ့ရဲ့ဖြစ်တည်မှုက မိန်းမတွေဆီစိတ်မညွှန့်ပဲယောကျာ်းတွေဆီ စိတ်ညွှန့်ခဲ့သည်။အလှအပကြိုက်လာခဲ့သည်။သို့ပေမယ့် စာမက ယောကျာ်းတစ်ယောက်လိုပြုမှုခဲ့တယ်။

စာမရဲ့အလှဟာတော့ ဒီကငါးရွာအုပ်စုတင်မဟုတ်ပဲ အနီးက အုပ်စုရွာတွေထိပါကျော်ကြားခဲ့တယ်။စုန်း လောကီပညာသယ်တွေကြားထဲမှာပါ စုန်းလိပ်ပြာဆိုပြီး နာမ်မည်ရလာတဲ့ထိ အလှဟာကျော်ကြားခဲ့ပါတယ်။ဟိုအဝေးက ရွာဖြစ်တဲ့ ကန်ဆွယ်ရွာ တောင်ကန်ကြီးရွာ မြောက်ကန်ကြီးရွာတွေက ပညာသယ်ကာလသား စုန်းပျိုမတွေကပါ ညနက်သန်ခေါင်တွေမှာ လာရောက်ကြည့်ရှုကြရတဲ့ထိ အလှကကျော်ကြားခဲ့ပါတယ်။စာမဟာ ပညာတွေထုတ်မသုံးပြပေမယ့် သူ့ပညာဟာ ဘယ်လောက်ထက်လည်းဆိုတာ စုန်းဖြူမကြီးဖြစ်တဲ့ ဒေါ်ဇီးကွက်ဟာ အသိဆုံးမို့ တော်တော်ထိန်းသိမ်းရပါတယ်။စာမက သူ့ရှေ့မှာ မဟုတ်တာလုပ်မမှန်တာပြော သူတပါးကိုစော်ကားတဲ့လူတွေဆို စာမက မှတ်လောက်သားလောက်အောင်ပညာပေးတက်သည်မို့ ဒေါ်ဇီးကွက်က ထိန်းသိမ်းရပါတယ်။အခုလို သားပျိုက အလှကြွယ်လာတဲ့အချိနိမှာလည်း ဒေါ်ဇီးကွက်တို့ လင်းမယား မျက်နှာပွင့်ကြသလို မတော်သူလက်ထဲရောက်မှာကိုလည်း စိုးရိမ်ကြရပါသည်။ ဒါပေမယ့် သားဖြစ်သူရဲ့သူငယ်ချင်းတွေက ဘယ်သွားသွားလိုက်ကြသည်မို့ တော်ယုံတန်ယုံစိတ်ချလက်ချ သွားခိုင်းလို့ရသည်။စာမအလှကို အကောင်းပြောသဘောကျ ကြသူရှိသလို မကောင်းကြံအပုပ်ချကြတဲ့လူတွေလည်းရှိကြသည်။စာမက အနေအေးသည် ငယ်ငယ်ကလို ရွာဇော် ရပ်ဇော် မဟုတ်တော့ပေမယ့် သဘောကျတဲ့ကာလသားတွေကြောင့် အနေအေးသွားတယ်လို့ မိဘတွေထင်ခဲ့ကြသည်။ ဒါပေမယ့် စာမက အဒီလိုမဟုတ် သူရဲ့အလှကြောင့်တည်သွားခြင်းဖြစ်သည်။အလှကြွယ်သလို မာနလည်းတအားကြီးရဲ့ယောကျာ်းမို့ ကာလသားတွေတော်ရုံအနားမကပ်ရဲ သူငယ်ချင်းသုံးယောက်ဟာလည်း ကာလသားပေါက် စိတ်ဆက်ကြသည်မို့ အနားမကပ်ရဲ​ကြတာလည်းဖြစ်နိုင်သည်။

ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)Where stories live. Discover now