#ထားဂတ်ကုဠေ
"သူရပ်နေသေးတယ် ထားဂတ်ကိုစောင့်နေတုန်းပဲ
သူ့လက်ကနာရီကိုတောင် တချက်လေးမှ ငုံ့မကြည့်ဘူးဟ သေချာပေါက်ထားဂတ်လာမယ်ဆိုတာ ကြိုသိနေသလိုပဲ ဒီလိုပုံနဲ့ဆိုရင်တော့ မဂ်လာပွဲကိုသူ လွယ်လွယ်နဲ့ဖြတ်မှာမဟုတ်ဘူး"
ခန်းမထဲမှာ ပွဲတက်သူအနေနဲ့ မာန်ဝင့်ထည်ဝါနဲ့ဖိုးဖိုးရဲ့အခြေနေကို စောင့်ကြည့်ခိုင်းထားတဲ့ သူမသူငယ်ချင်းနွယ်နီရဲ့ သူ့ထင်မြင်ချက်တွေ မနားတမ်းပြောပြနေသည်ကို ဖိုးဖိုးရဲ့အိမ်ကြီးက သူမအတွက်အိပ်ခန်းထဲမှာ တကိုယ်လုံးအမဲရောင်ဖုံးလွှမ်းထားတဲ့ အဆင်တန်ဆာတွေနဲ့ သူမသည် ဖုန်းစပီကာဖွင့်ကာ လက်သည်းဆိုးဆေးအမဲဆိုးနေရင်း နားထောင်နေသည်
"ဘယ်ဖြတ်မလဲ သူကကုဋေgroupရဲ့အင်အားယူချင်နေတဲ့သူဆိုတော့ ကြာလည်းသူစောင့်နိုင်တယ်လေ"
"ဟမ်....ကိုမာန်ဝင့်ထည်ဝါက ထားဂတ်ပြောသလို မဟုတ်လောက်ပါဘူး TWgroup ကလည်း စီးပွားရေးလောကမှာ အာဏာရှိပြီး ထိပ်တန်းကပဲဟာကို"
"သူ့လိုလူမျိုးက တနိုင်ငံလုံးပိုင်ရင်တောင် ကျေနပ်မယ့်လူမျိုးမဟုတ်ဘူး နွယ်နီကိုထားဂတ်ပြောပြမယ် သူကလေ အသေချာကိုဖိုးဖိုးရဲ့ younger version ပဲ"
"ဟုတ်ပါပြီ ဒီနေ့တော့ထားဂတ်လက်ထပ်ပွဲမို့ သတိုးသမီးလေးနဲ့ ပြိုင်ပြီးမငြင်းတော့ပါဘူးနော်"
သူမလက်သည်းဆိုးဆေးတံကို ဘူးထဲထည့်ပြီးပြန်ပိတ်လိုက်သည်
"အဲ့လို့သိတတ်စမ်းပါနွယ်နီရယ် ဒီနေ့ကိုထားဂတ်စိတ်ညစ်လွန်းလို့"
"ကဲပါအချစ်ရယ် မဂ်လာအချိန်က တနာရီတောင်ကျော်နေပြီ ဧည်သည်တွေကို အားနာစရာကြီး နွယ်နီတောင်ကိုယ့်သူငယ်ချင်းမို့ တခြားမဂ်လာဆောင်သာဆိုရင် ညောင်းလွန်းလို့ ထပြန်သွားလိူက်မှာ ပြီးတော့....အသစ်စက်စက်သတိုးသားလေးကို အများကြီးမနှိပ်စက်ပါနဲ့ လာတော့နော် "
နွယ်နီကပြောပြီးရယ်လေသည်ပြီးနောက်
"အဲ...တခုတော့သတိပေးရဦးမယ် ကိုမာန်ဝင့်ထည်ဝါက အဖြူရောင်အနောက်တိုင်းဝတ်စုံလေးနဲ့ ကြည့်ကောင်းနေတာနော် ထားဂတ်သူ့ကိုတွေ့ရင် မျက်လုံးမလွှဲနိုင်ဖြစ်နေမှာစိုးလို့ ကြိုသတိပေးထားတာ အခုတောင် ပွဲတခုလုံးက မိန်းမတွေရဲ့အကြည့်က ရှင့်လူ ပြာကျသွားလောက်တယ်"
YOU ARE READING
ကျွန်တော့်ရဲ့ ပုန်ကန်သတိုးသမီးလေး
Romanceမဂ်လာပွဲမှာ အသုဘဝတ်စုံလိုဝတ်ပြီး ပွဲတက်တဲ့သတိုးသမီးက ကမ္ဘာပေါ်မှာ မင်းတယောက်ပဲ ရှိမယ် 🌺 မာန်ဝင့်ထည်ဝါ ထားဂတ် ရှင့်ကို မချစ်ဘူး ဟုတ်တယ် ရှင့်ကိုချစ်မိသွားလို့မရဘူး 🌺 ထားဂတ်ကုဠေ #Translated novel
