(စာမစစ်ထားပါ)
*အကြွေးသရဲ*
ထမင်းစားပြီးကတည်းက ထွက်သွားတဲ့အဖေ အခုထိပြန်မလာသေးဘူး ကျုပ်ကအပြင်ထွက်ချင်နေပြီ။အမေကတော့ ဒီညကလ္ဆန်း၁၄ရက်ညမို့ ပညာစဥ်တက်ဖို့ တိမ်ညွှန့်တက်စားမယ်နဲ့တူသည်။ကျုပ်ကတော့ ကလေးပီပီ ဒီညကိစ္စရှိသည်မို့ အပြင်ထွက်ချင်လှပြီ။
အိမ်အောက်မှ လှေကားပေါ်တက်လာတဲ့ခြေသံကြားလိုက်ရသည်။အိမ်ကသုံးပင်အိမ်မို့ အိမ်ပေါ်ထက်ရှိသည်။အိမ်ပေါ်တက်လှေကားက ကျွန်းလှေကားဖြစ်သည်။အိမ်က ပျဥ်ခင်းထားသည်မို့ ခြေသံက သိပ်မထွက် ေဘးစောင်းအိပ်နေသည်မို့ ခြေသံကြားရသာဖြစ်သည်။အဖေက အိမ်ယာထဲဝင်လှဲတော့ အမေက တိမ်ညွှန့်စားချိန်မို့တူတယ် အဖေ့မျက်နှာပေါ် လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်။အဖေက တစ်ခဏလေးမှာပဲ ဟောက်သံပေးကာ အိပ်ပျော်သွားခဲ့တယ်အမေကလည်း အဖေ့ဘေးမှာ ဆန့်ဆန့်ကြီး လှဲနေသည်။ကျုပ်လည်း အသံမထွက်အောင်ထကာ အိမ်အောက်ဆင်းပြီး အိမ်ရှေ့အပေါက်တိုင်း ရွာထဲဝင်လိုက်တယ်အိမ်ကို ပြန်လှည့်ကြည့်တော့အိမ်ခေါင်မိုး သွပ်အထက်မှာ အမေ့ရဲ့ ခေါင်းကြီးဟာ မီးရောင်ထိန်ထိန်နဲ့ရှိနေသည်။ထိုခေါင်းကြီးကနေ တစ်ချက်တစ်ချက် စက်တွေထွက်ထွက်လာသည်ကိုလည်း မြင်နေရသည်။(ခေါင်းကပျံနေတယ်ဆိုလို့ ခေါင်းကြီးပျက်ပြီး ပျံနေတယ် မထင်လိုက်ပါနဲ့ဗျာ ပညာသယ်တွေက တိမ်ညွှန့်စားတဲ့အချိန်မှာ ဦးခေါင်းကနေပျက်ထွက်သာမဟုတ်ပါဘူး ဝိဥာဥ်လိုပဲ ခန္ဓာကနေ ခေါင်းပဲခွဲထွက်လာသာပါ အဲဒီ့ခေါင်းမှာ ပညာတွေစုပြီး အလင်းရောင်ထွက်နေသာပါ အဝေးကကြည့်ရင် မီးလုံးကြီးလိုဖြစ်နေသာပါ)
စာမလည်း အမြန်ရွာထဲဝင်လိုက်သည်။ရဲမင်း ခေါ် ကြွက်ကြီးတို့ သူကြီးအိမ်က ရွာလယ်မှာမို့အခုရွာတောင်ပိုင်းက ချက်ကြီးဆီအရင်ဝင်ပြီး ချက်ကြီးတို့အိမ်ရှေ့ကနေ ခေါင်မိုးပေါ်ကို ခဲတစ်လုံးလှမ်းပစ်လိုက်သည်။ချက်ကြီးကို လှမ်းခေါ်သာဖြစ်သည်။သူတို့အဖွဲ့ရဲ့အချိန်းအချက်ပေါ့။ဒီလိုခဲပစ်လိုက်ရင် သူတို့အဖွဲ့လေးယောက်လုံးသိတဲ့ အသံပေးစနစ်ဖြစ်သည်။ခနနေတော့ ချက်ကြီးက အိမ်ဝိုင်းအပေါက်အသာလှပ်ကာ ထွက်လာသည်။ပုဆိုးတိုတိုနဲ့ ညိုစိုစိုချက်ကြီးက မျက်နှာမသာမယာ။
YOU ARE READING
ကျောက်ဆစ်ရုပ်နဲ့ ချစ်ပန်းမျက်နှာ(Horror)
Horror"ရနံ့မပါတဲ့ပန်းလည်း မြတ်နိုးသူလက်ထဲရောက်ရင် မွှေးပါသယ်"
